Saturday, April 27, 2019

ကမ်လူဝေး ● ဒီမှာနေဆဲ


ကမ်လူဝေး ● ဒီမှာနေဆဲ
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၉

ငါဟာ ကြောက်လန့်ခြင်းနဲ့ ချုံးချုံးကျလို့
ငါ့ရဲ့ မျှော်လင့်ချက်တွေက
တစစီ လေနဲ့အတူ လွင့်ပါး။

ဆီးနှင်းတွေက ငါ့ကို အေးခဲစေရဲ့
နေမင်းက ငါ့ကို မီးနဲ့ဖုတ်နေသလို။

ကြည့်ပါဦး
သူတို့ အချင်းချင်း ပြုမူသလို
ငါ့အပေါ် ပြုမူဖို့ ကြိုးစားနေကြ။

ရယ်မောတာတွေ ရပ်လိုက်တော့
ချစ်ခင်ခြင်းတွေ ရပ်လိုက်တော့
ရှင်သန်မှုတွေ ရပ်လိုက်တော့
ငါဘာကိုများ ဂရုစိုက်ရမလဲ
ငါ ဒီမှာပဲ ရှိနေတယ်။        ။

(Langston Hughes ရဲ့ Still here ကို ဘာသာပြန်သည်။)

ကမ်လူဝေး