Monday, July 29, 2019

လင်းသစ်နီ ● ကမ္ဘာ

လင်းသစ်နီ ● ကမ္ဘာ
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၉

အဖျားသွေးမရှိတဲ့ နေရောင်မှာ
နောက်ကျောကိုလာမှန်နေတာ စိတ္တဇနာမ်ပဲ

တစ်မနက်ခင်းလုံး ဘဝကို အမောဖြေဖို့
အတွေးမှာ အရိုးဆွေးနေတဲ့ အမှားက အလင်းမရဘူး

ဒဏ်ရာက ဝင်္ကပါ
အမည်ဖော်မရတဲ့ သက်ပြင်းရှိုက်သံက ဘာလဲ
တံခါးကို တရားနဲ့ခေါက်ပြီး 
ငါ ခေါင်းခါခဲ့တယ်

လမ်းကို ခါးထောက် နောက်ပြန်လှည့်ကြည့်တဲ့ အခေါက်က
ပုစ္ဆာတစ်ပုဒ် မိတ္တူကူးစက်မှာ ငြိမ်လို့

အရိပ်ထဲ
ပုံတူကူးမရတဲ့ အရိုင်းစိတ်က
လည်နေတယ်။     ။

လင်းသစ်နီ