အောင်သူငြိမ်း - စောင့်ကြည့်ထိန်းချုပ်နေတဲ့ အရင်းရှင်စနစ် (Surveillance capitalism)
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၉
(သူ့ဖေစ့်ဘွတ်ကနေ ယူပါတယ်)
လူ့ဘောင်သစ်ပါတီက ဥက္ကဋ္ဌ ကိုအောင်မိုးဇော် အကူအညီတောင်းလို့ သူတို့ပါတီမှာ ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း ကျနော် ဆွေးနွေးနေတယ်။ ၃ ပတ်မြောက်ပေါ့။ သက္ကရာဇ် ၂၀၀၀ က ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း မိတ်ဆက်၊ စာအုပ်တအုပ် နယ်စပ်မှာ ရေးခဲ့ဖူးတယ်။ ကြာလှပေါ့။ အခုဆယ်စုနှစ် ၂-ခု ပြည့်တော့မယ်။ ကြားထဲမှာလည်း အပြောင်းအလဲတွေက အများကြီးဖြစ်ခဲ့တယ်။ ၂၀၀၁ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦ (WTO) ကို ဘင်လာဒင်တို့ အုပ်စုက လေယာဉ်နဲ့တိုက် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်။ အမေရိကန်က လက်တုံ့ပြန်တော့ အာဖဂန်၊ အီရတ်တွေမှာ စစ်ပွဲတွေ ဆက်ဖြစ်၊ ၂၀၀၈ မှာ ကမ္ဘာ့ငွေကြေးကပ်ဘေးဖြစ်၊ ၂၀၀၇ ကာလတဝိုက်မှာ ကျနော်တို့ ဒီနေ့သုံးနေကြတဲ့ စမတ်ဖုန်းတွေရဲ့ အစပျိုးပေါ်လာ... အခုနောက်ပိုင်း တရုတ်ကြီးက တိုးတက်လာမှုနဲ့အတူ၊ ဂလိုဘယ်လိုက်ဇေးရှင်း ထောက်ခံတဲ့ မိန့်ခွန်းမျိုးကို တရုတ်ခေါင်းဆောင်တွေဆီက ကြားရပြီး၊ အမေရိကန်သမ္မတကတော့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး၊ အုတ်တံတိုင်းဆောက်ဖို့၊ ကုန်သွယ်ရေးစစ်ပွဲဆင်ဖို့ ကိစ္စတွေ ပြောနေတာ ပြောင်းပြန်ကြီး ကြားနေရတယ်။ ဒီကိစ္စ ဆွေးနွေးရတယ်ဆိုတော့ ကိုယ်တိုင်လည်း နည်းနည်းစာတွေ ပြန်ဖတ်ရတယ်။ အဲဒီတော့ ဖတ်မိတဲ့ စာအုပ်တအုပ် အကြောင်း ပြန်ဝေငှချင်လာတယ်။ အဲဒါကတော့ “စောင့်ကြည့်ထိန်းချုပ်နေတဲ့ အရင်းရှင်စနစ် (The Age of Surveillance Capitalism) ကာလကြီး” ဆိုပဲ။ ရေးတဲ့သူက ဟားဗတ်တက္ကသိုလ်က Ph.D ပြီးသူ အမျိုးသမီး ရှိုရှာနာ ဇူဘော့ (Shoshana Zuboff)။
ဒီစာအုပ်တွေ့တော့ ပြန်အမှတ်ရစရာတွေ ရှိလာတယ်။ အရင်က ကျော်ကြားဖူးတဲ့ “၁၉၈၄” ဆိုတဲ့စာအုပ်။ ရေးတဲ့သူ ဗြိတိသျှ စာရေးဆရာကြီး ဂျော့ အိုဝဲလ်က မြန်မာနိုင်ငံမှာလည်း ကိုလိုနီကာလက နေခဲ့ဖူးတယ်။ သူ့ရဲ့ တိရိစ္ဆာန်လောက (Animal farm) ဆိုတဲ့ စာအုပ်ကလည်း နာမည်ကျော်တယ်။ နောက်ပြီး အနာဂတ်ကို စိတ်ကူးယဉ်မှန်းဆရေးထားတဲ့ ၁၉၈၄ (Nineteen Eighty-Four) ကလည်း နာမည်ကြီးတယ်။ ၁၉၄၈ ခုနှစ်ကရေးပြီး ၁၉၄၉ ခုနှစ်မှာ ထုတ်ဝေတယ်။ အထူးသဖြင့် သိပ္ပံနည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ အာဏာရှင် အစိုးရတွေက လူတွေကို ထိန်းချုပ်လာတဲ့ပုံကို စိတ်ကူးယဉ် ရေးထားတာ၊ အစိုးရတွေက ပိုပြီး လက်တံခြေတံ ရှည်လာတယ်။ ဖိနှိပ်ပြီး၊ လူတွေရဲ့ အမူအကျင့် (behaviors) တွေကို ပါ ထိန်းချုပ်လာတော့မယ့် အကြောင်းပါ။ နာမည်ကျော်တဲ့ စကားတွေကတော့ အာဏာရှင်ကြီး ဖြစ်တဲ့ Big brother (အကိုကြီး) က စောင့်ကြည့်နေတယ်ဆိုတဲ့ Big brother is watching you. ဆိုတဲ့ အသုံးအနှုန်းပါ။ အဲဒါအပြင် စိတ်ကူးကြည့်ရုံနဲ့ အပြစ်ဖြစ်တဲ့ (Thought crime)၊ လူတွေရဲ့ စိတ်ကူးတွေကို စောင့်ကြည့်နေတဲ့ ရဲတွေ (Thought police) ဒါတွေဟာ အခုအချိန်တိုင် ပြောဆိုသုံးနှုန်းနေကြတယ်။
အခု အခြေအနေက ဘယ်လိုဖြစ်နေပါသလဲ။
၁၉၉၅ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံမှသာ မိုဘိုင်းဖုန်း ရှိတယ်။ (၁၉၇၃ မှာ မိုဘိုင်းဖုန်းစပေါ်တာ)။ ကမ္ဘာ့ လူဦးရေ ၁% အောက်သာ အင်တာနက် သုံးနိုင်တယ်။ အခု ၂၀၁၅ ရောက်လာတော့ ကမ္ဘာ့လူဦးရေ သုံးပုံ နှစ်ပုံမှာ မိုဘိုင်း ဖုန်းရှိနေပြီ။ ရှိနေတာမှ ပွတ်လို့ရတဲ့ စမတ်ဖုန်း (smart phone)။ စမတ်ဖုန်းတွေက အက်ပဲကစတင်ပြီး ၂၀၀၇ မှာ ပေါ်တယ်။ ကမ္ဘာ့လူဦးရေ သုံးပုံတပုံက အင်တာနက်ချိတ်ဆက် သုံးနေကြပြီ။ အဲဒါအပြင် ဖုန်းတွေရဲ့ အလုပ်လုပ်ပုံ (processor) တွေက မြန်လာ၊ စျေးပေါလာကြတယ်။ အရင် 3G ဖုန်းတွေတုန်းက 3GB (၃ ဂျစ်ဂါဗိုက်) ရှိတဲ့ ရုပ်ရှင် တကားကို ဒေါင်းလုပ်လုပ်မယ်ဆိုရင် တနာရီနဲ့ ၈ မိနစ်ကြာတယ်။ (ကျနော်တို့ အဝိုင်းလည်ပြီး မုန်းနေခဲ့ကြရတဲ့ ကာလ)။ အဲဒီနောက် အခုသုံးနေတဲ့ 4G (စတုတ္ထမျိုးဆက်ဖုန်း) ဖြစ်လာတော့ အဲဒီရုပ်ရှင် ဒေါင်းလုပ်လုပ်ရင် မိနစ် ၄၀ ကြာမယ်။4G Lite ဖြစ်လာတော့ ၂၇ မိနစ်ကြာမယ်။ လာမယ့် ပဥ္စမမျိုးဆက်ဖုန်း (5G) ဖြစ်လာရင် အဲဒီရုပ်ရှင် ဒေါင်းလုပ်လုပ်ဖို့က ၃၅ စက္ကန့်ပဲ ကြာတော့မယ်။ ဘယ်ကားကို ကြည့်ရပါ့ဆိုတာ စဉ်းစားရတာက ဒေါင်းလုပ်လုပ်ချိန်ထက် ကြာနေနိုင်သေးတယ်။
အဲဒါအပြင် မိုက္ကရိုဆင်းမ် (Micro SIM) အသေးတွေပေါ်လာ၊ လူတွင်သာမက ရုပ်ဝတ္ထုသက်မဲ့တွေ ချိတ်ဆက်ထားတဲ့ စနစ် (Internet of Things – IoT) ဆိုတာ ပေါ်လာတယ်။ သူတို့ အချင်းချင်း အပြန်အလှန် ချိတ်ဆက်နေကြမယ်။ ဒေတာတွေ က Big data လို့ခေါ်တဲ့ သိုလှောင်တဲ့နေရာမှာထားမယ်။ ပိုမြန်ဆန်စွာ တွက်ချက်၊ တုံ့ပြန်နိုင်လာမယ်။ အသိဉာဏ်တု (AI) က အဖြေထုတ် ဆုံးဖြတ်ပေးတာတွေ ဖြစ်လာမယ်။ ဖြစ်နေဆဲ- ဖြစ်လာတော့မယ့် အခြေအနေ။
ဒီအခြေအနေမှာ ကျနော့်အိပ်ယာဘေးက ဖုန်းနှိုးစက်က မည်လာတယ်။ ဖုန်းထဲက ပြက္ခဒိန်မှာ ဒီနေ့ ဘယ်အချိန် အစည်းအဝေးရှိတယ်။ ဘယ်အချိန် အိမ်က ထွက်ရမယ် လုပ်ထားတာကိုး။ အိမ်မှာ တပ်ထားတဲ့ စမတ် အပူချိန်တိုင်းကိရိယာ (သာမိုစတက်) က ကျနော်ထ လှုပ်ရှားလာတာကို သိပြီး၊ အပူချိန်ကို ပြောင်းပေး မယ်။ ရေချိုးဖို့ ရေပူစက်ကို ဖွင့်ပေးမယ်။ ကျနော့် လှုပ်ရှားမှုတွေကို ဗဟိုဒေတာဘေ့စ်ဆီ ပို့နေမယ်။ မနက်ခင်း ကျနော်ဖတ်နေကျ သတင်းစာ- သတင်းအသစ်တွေက ဖုန်းမှာ ‘တိန်’ ဆိုပြီး ဝင်လာမယ်။ အီးမေးလ်- ဆက်သွယ်မှုတွေ လုပ်မယ်။ ဒီလိုအဖြစ်အပျက်တွေက ကျနော့်ရဲ့ နေ့တဓူဝ လှုပ်ရှားမှုတွေကို စနစ်တကျ မှတ် တမ်းတင်နေပါပြီ။ ထိုင်နေတာကြာရင် စမတ်နာရီက အချက်ပေးမယ်။ တရက် ခြေလှမ်းဘယ်လောက် လမ်း လျှောက်သင့်တာ၊ ရေ ဘယ်နှစ်ခွက်သောက်ပြီးပြီလဲ သတိပေးတာ… ကျန်းမာရေး နေထိုင်မှုဘဝတွေ အတွက်ပါ အကြံပေးဦးမယ်။
အဲဒါအပြင် ကျနော်ဖုန်းဆက်တာ အများဆုံးက ဘယ်သူ၊ စာတိုပို့တဲ့ (text messages) ကိစ္စတွေက ဘာတွေ၊ အိမ် မှာ ပြောဆိုတာ အများဆုံး စကားလုံး၊ ကုန်တိုက်ထဲ စျေးဝယ်တဲ့ ခြင်းတောင်းထဲမှာ ဘာတွေပါတယ်။ ဘယ်တွေသွားတယ် ဆိုတာ ကင်မရာမှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါသေးတယ်။ အဲဒါအပြင် ဂူးဂဲလ်မှာ တခုခု ရှာဖွေ (search) လုပ်ပြီး တဲ့အခါ ကျနော်က ဘာကိုရှာနေတယ်ဆိုပြီး၊ လာလာပို့တဲ့ ကြော်ငြာတွေကိုလည်း ကြုံဖူးကြပါမယ်။ ကျနော်တို့ ရှာဖွေ သမျှ ကိစ္စတွေကို ကွတ်ကီး Cookies လို့ခေါ်တဲ့ အရာတွေက မှတ်သားပါတယ်။ ဒါနဲ့ တိုက်ဆိုင်မယ်ယူဆတဲ့ကိစ္စတွေကို အသိဉာဏ်တု (AI) က ရှာဖွေပြီး ကြော်ငြာတွေ ဝယ်ချင်မလားဆိုပြီး လာလာပို့တော့တာပါပဲ။ ကျနော်တို့ ဆင်းရဲသားကား တွေများ ရှာဖွေမိသလား။ သူတို့က မှတ်သားထားမှာပါ။ ကိစ္စအားလုံးကို မှတ်သား၊ ဒေတာ စရင်းချ (rendered as data)၊ စီစဉ် (processed)၊ သုံးသပ် (analysed)၊ ပြီးတဲ့အခါ (sub-prime mortgage) လို့ခေါ်တဲ့ အိမ်ယာတွေကို အစုအစုထုပ်ပိုး ရောင်းဝယ်သလို ကုမ္ပဏီအချင်းချင်းလည်း အပြန်အလှန် ရောင်းဝယ်ကြပါသေးတယ်။
မူလ ရည်ရွယ်ချက်က လူသားတွေရဲ့ ဗဟုသုတအားလုံးကို မှတ်တမ်းတင် စုဆောင်းထားရေးပါပဲ။ ဒါပေမယ့် ကြာလာတဲ့ အခါ ကျနော်တို့ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များစွာကို စုဆောင်းမိလာပါတယ်။ နောက်ပိုင်းတော့ မူလရည်ရွယ်ချက် ထက်ကို များစွာကျော်လွန်ပြီး စီးပွားရေးဆန်ဆန် သဘောတွေ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် အခုကိစ္စတွေအားလုံးက ကျနော်တို့ လိုလိုချင်ချင်နဲ့ သဘောတူပေးလိုက်ကြရတာပါ။ App တခုထဲ့မယ်ဆိုပါတော့ ခင်ဗျားဆီက သဘောတူပါ သလား ခွင့်ပြုချက် တောင်းပါတယ်။ တူလိုက်တာပေါ့။ သုံးချင်တာကိုး။ အလားတူ အချို့ဝက်ဘ်စာမျက်နှာတွေကလည်း ကူကီးတွေပါကြောင်း ခွင့်ပြုပေးဖို့ တောင်းတယ်။ ကိုယ်က သူ့ဆိုဒ်ကိုဝင်ချင်တော့ သဘောတူလိုက်ပါတယ်။ စာလုံး သေးသေးလေးတွေနဲ့ ရှည်ရှည်ဝေးဝေးလည်း မဖတ်နိုင်ပါဘူး။ Agree လုပ်ပေးလိုက်ကြတာပါပဲ။ နောက်ဆုံးတော့ ကုမ္ပဏီ ကြီးတွေမှာ ပိုင်ဆိုင်မှုအသစ် အပုံကြီးပေါ် ထိုင်မိသလို ဖြစ်လာပါတယ်။ ကျနော်တို့ရဲ့ အမူအကျင့်အပေါ် စုဆောင်းမိတဲ့ အပိုတန်ဖိုး (Behavioral surplus) ပါပဲ။
ဒီလိုနဲ့ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် တည်ဆောက်ထားပုံ (Global Digital Architecture) ပုံ ဖြစ်လာပါတယ်။ လုပ်ငန်း နယ်ပယ်ပေါင်းစုံမှာ ဒေတာ သတင်းအချက်အလက်များ သိပ်သည်းစွာ စုဆောင်းမှု ဖြစ်ပေါ်လာစေပါတယ်။ အချို့သော သူများအတွက် အသစ်သော အာဏာ (power) ဖြစ်လာစေပါတယ်။ ဒီလို နေရာအနှံ့အပြား ဖြစ်လာတဲ့အခါ ခြိမ်းခြောက်မှု တခု ဖြစ်လာပါတယ်။ သူတို့က ကျနော်တို့ရဲ့ အမူအကျင့်တွေကိုပါ ပြန်လို့ ပုံဖော်ပေးပြန်ပါတယ်။ ကျနော်တို့ရဲ့ စားသုံးမှုကို ပုံဖော်ပေးပါတယ်။ ဘယ်လိုစားသင့်ကြောင်း၊ ဘာအစာက ခေတ်မီ၊ ကျန်းမာစေကြောင်း ပြောပါတယ်။ ဘယ်လိုစတိုင် ကျကျ ဝတ်၊ ဘယ်လိုနေထိုင်၊ ဘယ်လို ပညာသင်၊ ဘယ်လိုအပန်းဖြေ… လမ်းညွှန်ပါတော့တယ်။ တနည်းအားဖြင့် ကျနော်တို့ရဲ့ ဒစ်ဂျစ်တယ် အနာဂတ် digital futures ကို ဖန်တီးသကဲ့သို့ ဖြစ်လာနေပါတယ်။ “၁၉၈၄”စိတ်ကူးယဉ် ဝတ္ထုထဲကလို အာဏာရှင် အကိုကြီးသဖွယ် နိုင်ငံတော်စနစ် (totalitarian Big Brother state) ကနေပြီးတော့၊ ကမ္ဘာလုံး ဆိုင်ရာ ဒစ်ဂျစ်တယ် တည်ဆောက်ထားပုံ (Global Digital Architecture) ကတဆင့် စောင့်ကြည့်နေတဲ့ အကိုကြီး (Big Other) သဖွယ် ဖြစ်လာစေပါတယ်။
အခုတလောမှာ Faceapp ကနေ လူတွေ ဓာတ်ပုံတွေကို အမျိုးမျိုး ပျော်ပျော်ကြီး ဆော့ကစားကြပါတယ်။ ငယ်ငယ်ပုံ ယူ မလား။ အသက်ကြီးလာရင် ဖြစ်လာမယ့်ပုံ။ မုတ်ဆိတ်ပသိုင်းနဲ့ပုံ။ အကယ်၍ မိန်းကလေးလို ဆင်သလိုက်ရင် ဘယ်လို ချောလာမယ်။ ပျော်ပျော်ကြီး ဆော့ကစားနေကြပါတယ်။ ဒီလို App မသုံးခင်ကတည်းက ကျနော်တို့ သဘောတူညီမှု agree လုပ်ပြီး ဒီသတင်းအချက်အလက်တွေကို ဆန္ဒပေးခဲ့ကြတာပါ။ ကျနော်ကတော့ အဲဒါမျိုးကိစ္စတွေ မဆော့ပါဘူး။ ဒီလိုကိစ္စကို Augmented reality (AR) လို့ ခေါ်ပါတယ်။ ရှိပြီးသား ပုံရိပ် အမှန်တရား (real world) တခုအပေါ်မှာ ကွန်ပြူတာ နည်းပညာထပ်ပိုး ဖန်တီးထားတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ Virtual reality (VR) ဆိုတာကတော့ မရှိတာကို ရှိသယောင် ကမ္ဘာတခုလို ဖန်တီးပြသတဲ့ နည်းပညာပါ။
အဲဒါအပြင် ရှိပါသေးတယ်။ အခုတော့ နည်းနည်းဟောင်းရောပေါ့။ ၂၀၁၆ က နာမည်ကြီးတဲ့ ဂိမ်းတခုပါ။ ပုကီမွန် ဂိုး (Pokémon Go) ကစားနည်း ထွက်လာပြီး လူအတော်များများ ကစားခဲ့ကြပါသေးတယ်။ လူတွေက ဖုန်းထဲကနေပြီး ပုကီမွန် အကောင်လေးတွေ မျိုးစုံကို လိုက်ဖမ်း ကြရတာပါ။ ပြောရရင် လက်ရှိကမ္ဘာ (real world) နဲ့ အတုအယောင် ဖန်တီးထားတဲ့ အမှန်တရား (fabricated reality) ကို ထပ်ပေးလိုက်တာပါပဲ။ ကျနော်တို့ရဲ့ အမူအကျင့်အပေါ်က အပိုတန်ဖိုး (Behavioral surplus) နဲ့ ရုပ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု (physical control) ကို ပေါင်းစပ်လိုက်တဲ့ စမ်းသပ်မှု တခု ဖြစ်ပါတယ်။ ဒီဂိမ်း ကစားဖူးသူတွေ သိကြပါ လိမ့်မယ်။ အချို့နေရာတွေမှာ ပုကီမွန် အကောင်လေးတွေ အဖမ်းရတာ များပါတယ်။ လူတွေရဲ့ မက်လုံး (reward system) နောက်ကို လိုက်ခိုင်းလိုက်တဲ့အခါ သူတို့ရဲ့ ကိုယ်ခန္ဓာ ရုပ်ပိုင်းကို ထိန်းချုပ်သူတွေက ခိုင်းစေလို့ ရလာပါတယ်။ သူတို့ တခါမှ မရောက်ဖူးတဲ့ ကုန်တိုက်ကို ဝင်မိတာ၊ KFC ဆိုင်ရဲ့ တခါးဝကို ရောက်လာတယ်။ မက်ဒေါ်နယ်၊ စတား ဘတ် ကော်ဖီဆိုင်ကို ရောက်လာအောင် တွန်းပို့လိုက်တာတွေ ဖြစ်လာစေ ပါတယ်။ မရှိတဲ့ ဖန်တီးထားတဲ့ ကမ္ဘာနဲ့ အပြင်က ရှိနေတဲ့ စီးပွားရေး အကျိုးစီးပွား ဆက်စပ်မှုတွေ ဖြစ်လာစေပါတယ်။ ပုကီမွန်နောက်လိုက်ရင်း စျေးဝယ်မိကြပါလေရော။
ဘာဖြစ်လာပါသလဲ။ အင်အားကြီးမားလွန်းတဲ့ ကော်ပိုရေးရှင်းကြီးများက လူတွေရဲ့ အမူအကျင့်ကို နမိတ်ဖတ်လာနိုင်ပါ တယ်။ ပိုပြီး ထိန်းချုပ်မှု လုပ်လာနိုင်ပါတယ်။ ဒေတာ၊ ဗဟုသုတများ နေရာအချို့တွင် အလွန်အမင်း သိပ်သည်းစုဆောင်းမှု ဖြစ်လာစေပါတယ်။ နိုင်ငံတခု နယ်နိမိတ်အောက်က အစိုးရများအနေနဲ့ ဘယ်လိုထိန်းချုပ်၊ စည်းကြပ်နိုင်မှာပါလဲ။ သိပ္ပံ နည်းပညာအရ သိပ်ရှုပ်ထွေး ပွေလီလွန်းလှပါတယ်။ ဉာဏ်မမီနိုင်လောက် အောင်ပါ။ ဒီအခါ အခု ကော်ပိုရေးရှင်းကြီး တွေက ဒီမိုကရေစီနည်းကျ စောင့်ကြည့်ကြီးကြပ်မှုမှ ကင်းလွတ် ခွင့်ရလာပါတယ်။ ဥပဒေကြောင်းအရ ထိန်းကျောင်းမှု ခက်ခဲလှပါတယ်။ လူမှုအဖွဲ့အစည်းက ထိန်းကျောင်းမှုကရော၊ ဆန့်ကျင်ခုခံနိုင်မှု အနည်းငယ်သာ ရှိပါတယ်။ လူတို့ နေထိုင်မှုဘဝ၊ နေ့တဓူဝ အစီအစဉ်ကို စောင့်ကြည့်ထိန်းချုပ်နိုင်ဖို့ ဖြစ်လာစေပါတယ်။ သူတို့မောင်းသလို ကျနော် တို့က ကောင်း၊ နှစ်သက်ရမယ့် ဘဝ၊ ပြုသမျှနုရမယ့် ဘဝ ဖြစ်လာပါတော့တယ်။ ဒါကို စောင့်ကြည့်ထိန်းချုပ်နေသော အရင်းရှင် စနစ် (surveillance capitalism) ကာလကြီးလို့ ဆရာမ ရှိုရှာနာ ဇူဘော့ (Shoshana Zuboff) က ရေးပါတယ်။ သူတို့က ကျနော်တို့ရဲ့ အနာဂတ် ဒစ်ဂျစ်တယ်ဘဝကို စောင့်ကြည့် လွှမ်းမိုးထိန်းချုပ်နေကြပါတယ်။ ကျနော်တို့ရဲ့ သဘောတူညီမှုနဲ့ပါ။ (They are watching you with your full consent.)
(Photo Credit - Linuxjournal.com)