ကမ်လူဝေး - ထိုအရပ်၌
![]() |
Art - Than Htay Maung |
ကမ်လူဝေး - ထိုအရပ်၌
(မိုးမခ) ဩဂုတ် ၃၊ ၂၀၁၉
ငြိမ်းခါနီးမှ
ထတောက်တဲ့မီးက ပြင်းတယ်။
ခေါ်သံလား အော်သံလား
မကွဲပြားဘူး
အသံတခုတော့ကြားတယ်။
သစ္စာဖောက်တယောက်ရဲ့ ဇာတ်သိမ်းခန်းက
ရုပ်ရှင်ထဲကအတိုင်းပဲ
အိန္ဒိယဇာတ်ကားလို ပေ နည်းနည်းရှည်တယ်။
အခွင့်ထူး ရလေမလားဆိုပြီး
ဟ နေကြတဲ့ ပါးစပ်တွေက ရွံစရာ။
သူ့အရပ်နဲ့ သူ့ဇာတ်ပါပဲ
မနေအပ်ရာ အရပ်မှာ မွေးလာသူတယောက်အတွက်
နေ့စဉ်ရက်ဆက် တော်လှန်တိုက်ပွဲဝင်ရင်း
ငြိမ်းခါနီးမှ
ထတောက်တဲ့မီးက ပြင်းတယ်။
ခေါ်သံလား အော်သံလား
မကွဲပြားဘူး
အသံတခုတော့ကြားတယ်။
သစ္စာဖောက်တယောက်ရဲ့ ဇာတ်သိမ်းခန်းက
ရုပ်ရှင်ထဲကအတိုင်းပဲ
အိန္ဒိယဇာတ်ကားလို ပေ နည်းနည်းရှည်တယ်။
အခွင့်ထူး ရလေမလားဆိုပြီး
ဟ နေကြတဲ့ ပါးစပ်တွေက ရွံစရာ။
သူ့အရပ်နဲ့ သူ့ဇာတ်ပါပဲ
မနေအပ်ရာ အရပ်မှာ မွေးလာသူတယောက်အတွက်
နေ့စဉ်ရက်ဆက် တော်လှန်တိုက်ပွဲဝင်ရင်း
ဂျပန်ဇာတ်ကားလို
တိုတိုတုတ်တုတ် ဇာတ်သိမ်းလိုက်ရတယ်။ ။
ကမ်လူဝေး
တိုတိုတုတ်တုတ် ဇာတ်သိမ်းလိုက်ရတယ်။ ။
ကမ်လူဝေး