Breaking News

ဦးဝင်းတင်ဖောင်ဒေးရှင်းနှင့်မောင်မိုးသူ



ဦးဝင်းတင်ဖောင်ဒေးရှင်းနှင့်မောင်မိုးသူ
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၉


ပထမဆုံးရေးချင်တဲ့အချက်က ဦးဝင်းတင်ဖောင်ဒေးရှင်း အဖြစ်အပျက်ပေါ်ပေါက်လာခဲ့တာကို ရေးရမယ်ထင်ပါတယ်၊ အဖြစ်အပျက်က ပုံနှိပ်တိုက်လုပ်ငန်းရှင် မောင်မောင်နိ်ုင်က ကွယ်လွန်သွားပြီ ဖြစ်တဲ့ သူ့ဖခင်ဦးစိုးနိ်ုင်ရဲ့ မွေးနေ့တစ်ခုကို ဟိုတယ်တစ်ခုမှာ ဦးဝင်းတင်နဲ့တကွ အပေါင်းအသင်းတွေ အားလုံးကို ညစာဖိတ်ကျွေးပါတယ်၊ အဲဒီညစာစားပွဲမှာ ဦးဝင်းတင်အပေါင်းအသင်းအားလုံးပါသပေါ့၊ အဲဒီညစာစားပွဲမှာမှ မောင်ဝံသက ဒီဖောင်းဒေးရှင်းဇာတ်လမ်းကိုစလာတာပါ၊ 

မောင်ဝံသကပြောတယ် သူ့ဆရာဦးဝင်းတင်ဟာ ထောင်ကလွတ်လာကတည်းက သူ့ကိုလာရောက်ထောက်ပံ့ကူညီတဲ့ ငွေရေး ကြေးရေးနဲ့တကွ ပစ္စည်းပစ္စယတွေ ပေးတဲ့ သူတိ်ုင်း ကြုံတဲ့သူတိုင်းကို ပေးလေ့ကမ်းလေ့ရှိပါတယ်၊ ဒါက ဦးဝင်းတင်ထုံးစံအတိုင်းပဲလေ၊ အရင် ဦးဝင်းတင်သတင်းစာတိုက်မှာ အလုပ်လုပ်စဉ်က ဘား လမ်းမြေညီထပ်က သူငယ်ချင်းဦးအုံးထွန်းရဲ့ အခန်းမှာ တစ်ယောက်ထဲနေတယ်။ သူနဲ့အတူ ဓါတ်ပုံ သတင်းထောက် ရွှေမောင်ကနေတယ်၊ ဦးဝင်းတင်က သူရတဲ့ လခကို ခေါင်းဦးအောက်မှာပဲထားတယ်၊ အဲဒီလခအကုန်လုံးကို ကိုရွှေမောင်ကချက်ပြုတ်စားသောက်ဖို့စီမံခန့် ခွဲရပါတယ်၊ ကြေးမုံသတင်း ထောက်ထဲမှာ ဓါတ်ပုံဆရာ ကိုရွှေမောင်က အထင်ကရနာမည်ကျော်ပေါ့၊ ကိုရွှေ မောင်လက်ထက်မှာ ပေါ်တဲ့ ရိုလီကော့တို့ ရိုလီပလက်တို့ဆိုတာတွေဟာ တွဲလျက်မှန်ဘီလူးနှစ်ထပ်တွေဖြစ်ပါ တယ်၊ ဆို လိုတာက ယနေ့ခေတ် ကင်မရာနီကွန်တို့ နီယွန်တို့လို မှန်ဘီလူးတစ်လုံးထပ်မဟုတ်သေးပါဘူး၊ ကြိုးသိုင်းပြီးတော့ ရိုလီပလက်ကင်မရာကို ကိုရွှေမောင်က သူ့ဗိုက်ပေါ်တင်လိုက်ရင် အတော်ပဲတဲ့၊ ဦးဝင်းတင်က အဲဒီလိုလူ။

နောက် အရေးအခင်းတွေဖြစ် NLD ပါတီတည်ထောင်ကြ၊ ထောင်ထဲမှာ နှစ်အကြာဆုံး နေထိုင်ခဲ့တဲ့ သူက ဦးဝင်း တင်ပါဘဲ၊ ဘကြီးမိုးထောင်ထဲကို နှစ်ကြိမ်ရောက်စဉ် ၈၉မှ ၉၂တစ်ကြိမ်၊ ၉၆မှ ၂၀ဝ၀ တစ်ကြိမ် နှစ်ကြိမ် ရောက်ရှိစဉ်မှာ ထောင်ထဲမှာ ဘုတ်ထိုင်ထိုင်နေတဲ့ဦးဝင်း တင်နဲ့ဆုံပါတယ်၊ အဲဒီမှာ ဦးဝင်းတင်ရယ် ဘကြီးမိုရယ် မောင်ဝံသရယ် သုံးယောက်အကြာကြီးဆုံး ခဲ့ရတာပေါ့၊ ဘကြီးမိုးတို့ မောင်ဝံသတို့ ထောင်ကလွတ်ပြီး အချိန် အတော်ကြီးကြာမှ ဦးဝင်းတင် ထောင်ကလွတ်ပါတယ်၊ ထောင်ထဲက မထွက်ဘူးဆိုလို့ အတော်တောင်းတောင်း ပန်ပန်နဲ့လွှတ် ရပါတယ်၊ အဲဒီအခါမှာလည်း ထောင်ကပေးတဲ့အပြာရောင်အင်္ကျ ီဝတ်ပြီးထွက်လာပါတယ်၊နောက် တလျှောက်လုံးလည်းအပြာရောင် ကိုဝတ်ဆင်သွားပါတယ်၊ 

ထောင်ကလွတ်တဲ့နေ့ အင်းစိန်မှာနေတဲ့ ကိုမောင် မောင်ခင်(ဦးပြားကြီး) အိမ်ကိုဦးဝင်းတင်ရောက်လာပါတယ်၊ ဦးဝင်းတင်ရောက်လာချင်းချင်းပဲ ဘကြီးမိုးတို့ မောင်ဝံသတို့ သွားတွေ့ပါတယ်၊ စကားသိပ်မပြောရပါဘူး၊ သတင်းထောက်တွေအများကြီရောက်နေလို့ပါ၊ ဆိုလိုတာက ဘကြီးမိုးနဲ့မောင်ဝံသတို့ နှစ်ကြိမ်နှစ် ခေါက်ပြန်ရောက်ချိန်မှာ ဦးဝင်းတင်နဲ့အတူ နေခဲ့ကြ ရသူများ ဖြစ်ပါတယ်၊ ထောင်ကလွတ်လာလာချင်း အင်းစိန် ဦးပြားကြီးအိမ်မှာ နေရာက ဘောက် ထော်က ဦးအုံး ထွန်းအိမ်ရှေ့က အိမ်ခန်းလေးတစ်ခုမှာ ဦးဝင်းတင်ပြောင်းရွှေ့နေထိုင်ပါတယ်၊ အဲဒီ လိုနေထိုင်စဉ်ကာလ တစ်လျှောက်လုံးမှာလည်း ဦးဝင်း တင်ကို ချစ်ကြခင်ကြတဲ့ လာရောက် လှူဒါန်းတဲ့ ငွေကြေးများ ပစ္စည်းများကို ကြုံသမျှလူကို ပေးကမ်းဖြစ်လေ့ရှိပါတယ်၊

ဦးစိုးနိုင်ရဲ့ မွေးနေ့အမှတ်တရ ညစာစားပွဲအခမ်းအနားမှာ ဦးဝင်းတင်ရဲ့ ဘော်ဒါအပေါင်း အသင်း အားလုံးလုံလုံလောက်လောက်ဆုံကြပါတယ်၊ အသက်အကြီးအဆုံးဖြစ်တဲ့ကြေးမုံဦးသောင်း၊ အတူနေ သူငယ်ချင်းဦးအုံးထွန်း၊ တပည့်တွေလိုပြောရနိုင်တဲ့ သာဘန်းတို့ ဘကြီးမိုးတို့ ကိုပြားကြီးတို့ မောင်ဝံသတို့ ကိုကိုကြီးတို့ ဦးဝင်းတင်အပေါင်းအသင်းတွေအားလုံးဆုံကြပါတယ်၊ ဦးဝင်းတင်မ သောက်ပေမယ့် ကျန်တဲ့သူ တွေသောက်ကြတာပေါ့၊ အဲဒီပွဲမှာမှ မောင်ဝံသက ဖောင်ဒေးရှင်းဇာတ် လမ်းကစတာပါ၊ 

သူ့ဆရာဦးဝင်းတင်ကို ပြည်တွင်းပြည်ပ ထောက်ပံ့ကူညီမှုတွေ လုပ်ချင်ကြတဲ့သူတွေ က အများကြီးမှအများကြီးဖြစ်ပါတယ်၊ အဲဒါ ကြောင့်ဒီအတိုင်းမနေတော့ပဲ ဖောင်ဒေးရှင်းလုပ်ဆောင်ဖို့ ပြောပါတယ်။ မောင်ဝံသဆီမှာလည်း နိ်ုင်ငံတ ကာ အဆက်အသွယ်တွေနဲ့ လှူချင်တန်းချင်သူကအ များကြီးလေ၊ အဲဒီညစာစားပွဲမှာလည်း ဥိီးဝင်းတင်ကဥက္ကဌ၊ ကျန်တဲ့ညစာစားပွဲကလူတွေအကုန်လုံးက နာယကလေ၊ မောင်ဝံသကိုယ်တိုင်က စီမံခန့်ခွဲတဲ့အတွင်းရေးမှူးပေါ့၊ သူခေါ်လာတဲ့ကျော်အောင်က သူ့ရဲ့တွဲဘက်ပေါ့၊ နောင်သောအခါမှာ မောင်ဝံသကွယ်လွန်သွားတဲ့အတွက် ဥက္ကဌဦးဝင်းတင် ဘကြီး မိုးတို့အကုန်လုံးက နာယက စီမံခန့်ခွဲတဲ့ ကိုဝံသကတော့ အတွင်းရေးမှူးပေါ့လေ၊ သူခေါ်လာတဲ့ကျော် အောင်ကတွဲဘက်ပေါ့၊ နောင် မောင်ဝံသကွယ်လွန်သွားတဲ့အခါမှာ ကျော်အောင်ဟာ ဦးဝင်းတင် ဖောင်ဒေးရှငး်၇ဲ့အတွင်းရေးမှူးဖြစ်လာပါတယ်၊

 ဦးဝင်းတင်ဖောင်ဒေးရှင်း စတင်တည်ထောင်စဉ်က အဖွဲ့အစည်းမှတ်ပုံတင်ဖို့မဖြစ်နိ်ုင်ဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့အစည်းမှတ်ပုံတင်ရင် နိုင်ငံ ရေးကင်းရှင်းရမယ်တဲ့ ၊ ဦးဝင်းတင်ဖောင်ဒေးရှင်းပါဆိုမှ ဘယ့်နှဲ့နိုင်ငေံ၇းကင်းရှင်းမှာတုန်း၊ ဒါနဲ့မှတ်ပုံ တင်မတင်ဖြစ်ခဲ့ပါဘူး၊ နိုင်ငံတကာနဲ့ဆက်သွယ်ရတာ များပြားကြီးမားလွန်းလို့ တောင်ကိုရီးယား ဦးဝင်း တင်ဂုဏ်ပြုဆုချီးမြှင့်ပွဲကို တော်ဝင်နှင်းဆီကိုစိုးညွှန့်နဲ့ ကျော်အောင်တို့သွားရောက်ယူခဲ့ပါတယ်၊ ဦးဝင်း တင်ဖောင်ဒေးရှင်းရဲ့ ဆုပေးလှူချင်းအခမ်းအနားတွေကို တော်ဝင်နှင်းဆီမှာပဲပြုလုပ်ခဲ့ကြပါတယ်၊ ဦးဝင်းတင်ဟာ ဒီမိုကရေစီအစိုးရမဖွဲ့စည်းနိုင်ခင် ကွယ်လွန်ဆုံးပါးသွားသူဖြစ်တဲ့အတွက် ဦးဝင်းတင် ဖောင်ဒေးရှင်းကို အရင်ခေတ်ကမှတ်ပုံမတင်ခဲ့ကြပါဘူး၊ အခုတော့ မှတ်ပုံတင်ကြရတော့မှာပေါ့လေ၊ 

အဲဒီလို အဲဒီလိုနဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဘဝတူစာ နယ်ဇင်းသမားများ ပေးလှူတဲ့အခမ်းအနားကို (၂၀၁၇)  စက်တင်ဘာ ၁၂ရက် တွင် (၃၄)ကြိမ်မြောက်ကျင်း ပခဲ့ပါတယ်၊ နာယကခုံမှာ ဘကြီးမိုးတစ်ယောက်ပဲ နာယကဟောင်းကြီးအဖြစ် ထိုင်ရပါတယ်၊ နောက် တစ်ယောက် ဦးပြားကြီးက နေမကောင်းလို့ မလာနိုင်ဘူးတဲ့လေ၊ အဲဒီလို အဲဒီလို စတင်ခဲ့တဲ့ ဦးဝင်း တင်ဖောင်ဒေးရှင်းဟာ လက်ရှိနိ်ုင်ငံရေးအကျဉ်းသား(၃)ဦး နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘဝတူ စာနယ်ဇင်းသမား(၆)ဦးနှင့် nld လူငယ်ဘုံရိပ်သာတို့အတွက် စုစုပေါင်း(၂၁)သိန်းကျပ်တို့ကို (၃၄)ကြိမ် မြောက်အဖြစ် ထောက်ပံ့ပေးခဲ့သည်။ ဦးဝင်းတင်ဖောင်ဒေးရှင်းသည် ၁၂.၃.၂၀၁၂ နေ့တွင် ကျင်းပပြု လုပ်ခဲ့သည့် ပထမအကြိမ်ထောက်ပံ့ပေးအပ်ပွဲမှစပြီး ယခင်နှစ်လတစ်ကြိမ်ပေးအပ်လှူဒါန်းပြီး၊ ယခု နောက်ပိုင်း သုံးလတစ်ကြိမ်ပုံမှန်ထောက်ပံ့ငွေပေးအပ်ခဲ့သည်။ ၂၀၁၈ခုနှစ်၊စက်တင်ဘာ ၁၂ရက် နေ့တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဘဝတူစာနယ်ဇင်းသမားများကို အလှူငွေများထောက် ပံ့ပေးအပ်ခဲ့ပြီး ဦးဝင်းတင်ဖောင်ဒေဒရှင်းမှလည်း အလှူရှင်များကို အလှူငွေမှတ်တမ်းများပေးအပ်ခဲ့ပြီး အလှူရှင်များကလည်း ဦးဝင်းတင်ဖောင်ဒေးရှင်းအခမ်းအနားကို ထပ်မံလှူဒါန်းသွားခဲ့ကြသည်။ ယခု အထိ ဖမ်းဆီးသတ်ဖြတ်ခံ နိုင်ငံရေးအကျဉ်းသား(၁)ဦး လက်ရှိနိုင်ငံရေးအကျဉ်းသား(၁၆၈)ဦး နိုင်ငံ ရေးအကျဉ်းသားဟောင်းနှင့် ဘဝတူစာနယ်ဇင်းသမား(၆၇၈)ဦး စုစုပေါင်း(၈၄၇)ဦးတို့အတွက် ထောက်ပံ့ငွေ(၂၀၃၁)သိန်း၊ ထောက်ပံ့ငွေပေးအပ်ခဲ့ပြီးကြောင်းထုတ်ပြန်ကြေညာခဲ့သည်။ 

နိုင်ငံရေး အကျဉ်းသားမိသားစုများအတွက် ပညာရေးထောက်ပံ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အလုပ်အကိုင် ရှာဖွေးပေးရေး လုပ်ငန်းစဉ်များကိုလည်း ပြည်တွင်းမှ အလှူရှင်တစ်ဦးပေါင်းကူးဆက်စပ်ကာ ဆောင် ရွက်ပေးလျက်ရှိသည်။ အမှတ် ၁၁၉၊ လမ်း(၅၀)ပုဇွန်တောင်မြို့နယ်တွင် ဟံသာဝတီဦးဝင်းတင်ဖောင် ဒေးရှင်း စေတနာဆေးကုခန်း အမည်ဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ နိ်ုင်ငံရေးအကျဉ်းသားဟောင်း များ ၄င်းတို့၏မိသားစုများနှင့် ဘဝတူစာနယ်ဇင်းသမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှု အစီအစဉ်များကို စဉ်ဆက်မပြတ် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။ ဦးဝင်းတင် ဖောင်ဒေးရှင်းသို့ အလှူငွေထည့်ဝင်လိုလျှင် ဟံသာဝတီဦးဝင်းတင်ကိုင်ဆောင်ခဲ့သည့် Hot Line ဖုန်းနံပါတ် ဝ၉၄၅၀ဝ၄၅၀ဝ၀ နှင့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်းသို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

ဦးဝင်းတင်ဖောင်ဒေးရှင်းဟာ ဒီလိုဒီလိုနဲ့ (၃၄)ကြိမ်မြောက် နိုင်ငံရေးအကျဉ်းသားဟောင်းများ နှင့် ဘဝတူစာနယ်ဇင်းသမားများကို ထောက်ပံ့မှုများကို ဘကြီးမိုး ဆက်လက်လုပ်ကိုင်နေရပါလျက်။