နာကျင်အပိုချိန်
ဒီသစ်
(မိုးမခ) အောက်တိုဘာ ၂၁ ရက်၊ ၂၀၁၉
နောက်ဆုံးမြွေတွန်သံကိုနားစွင့်ရင်းနဲ့ပဲ
ပေါက်ပြဲနေတဲ့မြက်ခင်းတုကပိုပိုကြမ်းရှလာတယ်။
နေအကျ
ပရောဂဝင်နေတာလား
...
ကမ္ဘာကြီးအလည်နှေးသွားတာလား ။
ဒီနှင်းခါးတွေ
... သီးစရာရှားလို့။
ဒီသစ်
၆၊ ၁၊ ၂၀၁၉
