Thursday, December 19, 2019

နေစိမ့် - ရုံတင်ရက် မရသေးသောရုပ်ရှင်



နေစိမ့် - ရုံတင်ရက် မရသေးသောရုပ်ရှင်

(မိုးမခ စက်တင်ဘာ ၂၀၁၉ ပုံနှိပ်) 
ဒီဇင်ဘာ ၁၉၊ ၂၀၁၉

ဓာတ်ခွဲခန်းအပြင်ဘက်
ခုန်ထွက်လာတဲ့ရလဒ်က
ပဟေဠိကို ဝှက်ထားတဲ့မေးခွန်း။

ဇာတ်ညွှန်းကိုအထားအသိုရွှေ့ထားလိုက်တာက
ဇလဗေဒအရ
ဇာတ်အိမ်တောင့်တင်း ခိုင်မာဖို့ပါ။

ဆင်ခြေဆင်လက်တွေက ခတ်ကွင်းပြင်
မျက်မြင်သက်သေများက ပေသီးခေါက်။

ရုပ်ဖျက်ထားတဲ့
တရားမျှတမှုရုပ်တုစောင့်နတ်လား
တူတူပုန်းတမ်းကစားပွဲမှာ
လက်ရည်က အထက်တန်းအဆင့်။

ဇာတ်လမ်းကျောရိုးမှာ
အထူးပြုလုပ်ချက်ဖောဖောသီသီနဲ့
ဒရမ်မာ အသားပေးထားတဲ့ဘက် ကဲထားပါတယ်။