Breaking News

ကမ်လူဝေး - အမှားအယွင်းတွေကြားမှာ

KT#
အမှားအယွင်းတွေကြားမှာ
ကမ်လူဝေး
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၀

မှားယွင်းပစ်ချမိပါတယ်လို့
ဝန်ခံတဲ့အချိန်မှာ
လူပေါင်းရာချီဟာ လေထဲမှာတစစီ။

အမှားတွေဟာ ဆိုးရွားလှပါတယ်
အမွားကို ထပ်ခါထပ်ခါ
ကျူးလွန်တာက ပိုဆိုးရွားပါတယ်။

အမှားကိုကျူးလွန်ပြီးမှ
ဝန်ခံတာက ဆိုးရွားလှပါတယ်
အမှားကိုကျူးလွန်ပြီးမှ
ဝန်မခံတာက ပိုဆိုးရွားပါတယ်။

အမှားကိုဝန်မခံပဲ ဆက်မှားနေတာက
ပိုလို့ ဆိုးရွားလှပါတယ်
အမှားတွေကို အမှန်ပါလို့
ဖြောင်လိမ် ဖြောင်ညာတာကတော့
အဆိုးရွားဆုံးပါပဲ။

ခင်ဗျားဟာ
အချိန်မရွေးပစ်ချခံရနိုင်တဲ့
လေယာဉ်ပေါ်မှာရှိနေတယ်ဆိုတာ
သတိရမိပါရဲ့လား
ကံကောင်းပါစေ မိတ်ဆွေ။ ။