Breaking News

ကမ်လူဝေး - ငါတို့ခေါင်းပေါ်က လောဘကြီးတဲ့ဘုရားတွေ

ငါတို့ခေါင်းပေါ်က လောဘကြီးတဲ့ဘုရားတွေ
ကမ်လူဝေး
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၀
-
ဘုရားတွေက လောဘကြီးလွန်းတယ်
သူတို့ကို ကိုးကွယ်သူတွေဆီက
အလုံးစုံ ရယူကြတယ်။

လူတယောက်က သူပိုင်သမျှအားလုံး
သူ့ဘုရားရှေ့မှာ ချပြလိုက်တယ်
တခဏအတွင်း
သူ့ခြေလက်တွေပါမကျန်
သူ့ဘုရားက စားပစ်လိုက်တယ်။

သူရော ငါတို့ရော
အားလုံးကကြောက်လန့်တကြား
ဘုရားပေါတချို့ကတော့
ဘုရားဆိုတာ ချစ်စရာကောင်းလွန်းတယ်လို့ ရယ်မော။

ခက်တာက
လူတိုင်းခေါင်းပေါ်မှာ ဘုရားတပါးစီက
ရှိနေကြတာပဲ။

ခင်ဗျား ခေါင်းပေါ်ကဘုရားကို
အစာကျွေးပြီးပြီလား
ဒါမှမဟုတ်
ခင်ဗျားခေါင်းကို ပြန်စမ်းကြည့်ပြီးပြီလား။     ။