Friday, February 7, 2020

မိုး​ကျော်​ဌေး - ထူးချွန်​တယ်​ဆိုတာ​တော်​လှန်​တာပဲ


KT#
ထူးချွန်​တယ်​ဆိုတာ​တော်​လှန်​တာပဲ
မိုး​ကျော်​ဌေး
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၀

လူအုပ်​ကြီးကို စနစ်​တကျ ချစီလိုက်​တော့
အသုံးမကျတဲ့ဝါကျတစ်​ကြောင်းဟာ
​မြွေလို ထ​ပေါက်​တယ်​၊

လမ်းမ​တွေပေါ်ချခင်းထားတဲ့ မိုက်​မဲခြင်း​ဟာ
နှစ်​ရှည်​စီမံချက်​ပဲ
ဆီစားသက်​သာတဲ့ လမ်းကြိတ်​စက်​တွေက
လူစားပက်​စက်​တယ်​၊

မင်းတြားကြီးရဲ့ မစင်​ပုံ​ပေါ်က
​ယင်​ကောင်းယင်​မြတ်​တွေရဲ့​ဥပ​ဒေ ဓမ္မသတ်​ကို
ကျမ်းစာအုပ်​အ​စောင်​စောင်​ကြား
ညှပ်​ထားခဲ့​လေ​ရော့သလား
၂၀၀၈ ဆိုတာဟာ
မနာချင်​လဲ နာခဲ့ရတဲ့ တရားပဲ ၊

သုံးနာရီစာ​မေးခွန်းကို
သုံးမိနစ်​နဲ့​ဖြေခဲ့မိတဲ့က​လေးတ​ယောက်​ရဲ့ ၀ဋ်​ကြွေး
သူ့ခမျာ
မိဘအုပ်​ထိမ်းမှုနဲ့​ဝေးခဲ့ရပုံ ။
၁၊ဒီဇင်​ဘာ၊၂၀၁၈