Wednesday, April 22, 2020

သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ (၇)



သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ (၇)

(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၀
ကပ်ရောဂါ၊ သေခြင်း နဲ့ အိပ်မက်ဆိုး အကြောင်းရေးဖွဲထားတဲ့ Arnold Böcklin ရဲ့ ကပ်ဘေး (Plague, 1898, Kunstmuseum Basel ) ပန်းချီကားဖြစ်ပါတယ်။

သူဟာဆွီဇလန်နိုင်ငံသား သင်္ကေတ ဝါဒီ ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ ၁၈၂၇ ခုနှစ်မှာမွေးဖွားပြီး ၁၉၀၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ရှိ Düsseldorf academy မှာ ပညာသင်ယူခဲ့ပါတယ်။
ဒီပန်းချီကားဟာ သေခြင်းတရားက အလယ်ခေတ် မြို့ပြ လမ်းတလျှောက် တောင်ပံတတ်သတ္တဝါတွေပေါ်စီးနှင်းကာ ကိုယ်ထင်ပြနေပုံကိုရေးဆွဲထားတာဖြစ်ပါတယ်။ အနုပညာသမိုင်းပညာရှင်တွေရဲ့ အဆိုအရ ၁၈၉၈ တွင်ဖြစ်ပွားတဲ့ ဘုံဘေမြို့ ကပ်ဘေးကို အကြောင်းပြုရေးဆွဲထားတယ်လို့ သိရပါတယ်။

(၁၈-၄-၂၀၂၀)