Tuesday, April 21, 2020

သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ (၆)




သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ (၆)

(မိိုးမခ)ဧပြီ ၂၁၊ ၂၀၂၀

လန်ဒန်၊ ဗြိတိသျှ ပြတိုက်က Doctor Schnabel von Rom ရဲ့ Paulus Furst of Nuremberg ပန်းချီကားဖြစ်ပါတယ်။ ၁၆၅၆ ခုနှစ်ကရေးထားတဲ့ ပန်းချီကားဖြစ်ပါတယ်။
ကာကွယ်ရေးဝတ်စုံဝတ်ထားတဲ့ ကပ်ရောဂါ ကုသတဲ့ ဆရာဝန်တစ်ယောက်ပုံဖြစ်ပါတယ်။
Black Death ကပ်ရောဂါဟာ အလယ်ခေတ်မှာ ထိတ်လန့်စရာရောဂါတခုဖြစ်ခဲ့ပြီး နောင်နှစ်ပေါင်း ၃၀၀ ကျော် အကြာတွင် တကျော့ ပြန်လည်ဖြစ်ပွားလာပါတယ်။ မြို့ကြီးတွေ ပျက်စီးခဲ့တယ်။ Hans Holbein နှင့် Titian အပါအဝင် အနုပညာရှင်တွေ ကပ်ရောဂါကြောင့် ကွယ်လွန်ခဲ့တယ်။ အဲဒီအခါက ကပ်ရောဂါနဲ့ လူတွေသေတယ် ဆိုတာ ထုံးစံတခု အဖြစ်လူတွေ လက်ခံခဲ့ပါတယ်။
ဒီပန်းချီကားမှာ ၁၇ ရာစု ပြင်သစ်နဲ့ အီတလီ ဆရာဝန်တွေရဲ့ ကာကွယ်ရေးဝတ်စုံကိုတွေ့ရပါတယ်။ ဒီဝတ်စုံဟာ လူတွေကို ကြောက်လန့်တုန်လှုပ်စေပြီး အသက်ထွက်ခါနီး နမိတ်ပုံလည်းဖြစ်ခဲ့ပါတယ်။ အဲဒီကာကွယ်ရေးအတွက် ဝတ်စုံမှာ ကုတ်အင်္က ျီအရှည်၊ ငှက်ပုံ မျက်နှာဖုံး၊ လက်အိတ်၊ ခြေအိတ်၊ ဘွတ်ဖိနပ် တွေကိုတွေ့ရပါတယ်။ ငှက်ပုံမျက်နှာဖုံးဟာ ရောဂါဖြစ်ပွားစေတဲ့ အနံဆိုးတွေကို ကာကွယ်ဖို့ ဖြစ်ပြီး မျက်စိနေရာကို မှန်အပေါက်လေးဖေါက်ထားပါတယ်။
ကိုးကား- https://www.dailyartmagazine.com/plague-in-art-10-paintings-coronavirus/