Friday, April 24, 2020

စိုးရိမ် - နွေဦး ၂၀၂၀

KT#
နွေဦး ၂၀၂၀
စိုးရိမ်
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၀

ဒီနွေဦးဟာ
လေရူးကိုမေ့နေပြီ...

စက်ရပ်လို့မရတဲ့သတင်းမှာ
ကိုဗစ် ...ကိုဗစ်... ကိုဗစ်
အရေးပေါ်ကားတွေ ပြေးလွှားနေပြီ...

လေထဲကလာနိုင်သလို
လက်တွေကလည်း လာနိုင်တယ်...

သင်ကောင်းရင် ကျွန်ုပ်မဆိုးပါကို လွှင့်ပစ်
ကျွနု်ပ်ကောင်းပါမည် သင်တို့ကောင်းကြပါ
အော်ကြ ... ဟစ်ကြ ... အိမ်တွင်း ပုန်းကြ...

နွေဦးက လေရူးလေးတောင်
အခုတော့ mask တပ်နေပြီ 
လက်ဆေးနေပြီ ...။