Breaking News

ခို င်မျိုး - ရွာထဲမှာ


ခို င်မျိုး - ရွာထဲမှာ

(မိုးမခ) ဧပြီ ၁၉၊ ၂၀၂၀

အကြမ်းဖက်မှုကို
လော့ဒေါင်းချနိူင်ပြီလား
ကျည်ဆံနဲ့ဒုံးသီးတွေ
နှစ်ပေါင်းများစွာ လှုဒါန်းပြီးပြီ
အသက်ဝိညဥ်များအတွက်
အမိန့်ပြန်တမ်းနဲ့ဆုတံဆိပ်များ
ချီးမြှင့်ပြီးပြီ
ဒုက္ခသည်များ စွာမွေးဖွားပြီးပြီ
နှစ်သစ်ကားဆန်းခဲ့ပြီ
စစ်ကိုကား
လူတို့လော့ဒေါင်းမချနိူင်သေး။