Wednesday, May 20, 2020

ဒီသစ် - ပူပင် ဗိုင်းရပ်စ်

KT#
ပူပင် ဗိုင်းရပ်စ်
ဒီသစ်
(မိုးမခ) မေ ၂၀၊ ၂၀၂၀

"နေ့" ဆိုတဲ့အော်ပရာအသစ်ကို
ကကြရမယ့်သစ်ပင်တွေ
ညလယ်တည့်တည့်မှာ
"နေထွက်တယ်" လို့
အိပ်မက် မက်ကောင်းတုန်း...

ဆည်းဆာပျောက်ငှက်တွေ
ကမ်းခြေပျောက်ဖားတွေ
သောင်ခုံပေါ်
လမ်းတက်လျှောက်တတ်တဲ့
ငါးတွေ...
"အအေးးပတ်နေတဲ့လ" ကို
လှမ်းပြီး ဟပ်ဟပ်မြိုချ
အသက်ရှူ  မဝတဝနဲ့....

မီးသင့်ထားတဲ့ လယ်ကွယ်တွေသာ
ကျပ်တီးကုန်းတွေဖြစ်ပြီးရင်းဖြစ်...
ငှက်ပျောပင်
ညိုညစ်ညစ်တစ်ပင်စ နှစ်ပင်စကတော့
အာဟာရလု ရန်ဖြစ်။ ။ 

(၇. ၂. ၂၀၂၀)