Friday, May 8, 2020

တိုက်တန်းနစ်သ‌င်္ဘောနဲ့အတူ နစ်မြုပ်ခဲ့တဲ့ သတင်းစာအယ်ဒီတာ



(ဓာတ်ပုံ - Wikipedia)

သားကြီီီီီီီီီီီီးမောင်ဇေယျ - တိုက်တန်းနစ်သင်္ဘောနဲ့အတူ နစ်မြုပ်ခဲ့တဲ့ သတင်းစာအယ်ဒီတာ

(မိုးမခ)မေ ၈၊ ၂၀၂၀

လူ ၁၅၀၀ကျော် သေဆုံးခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောမြုပ်ရာမှာ သတင်းစာအယ်ဒီတာတစ်ဦးလည်း ပါသွားခဲ့တယ်။

သူက စုံစမ်းဖော်ထုတ်သတင်းပညာရပ်ကို ရှေ့ဆောင်လမ်းပြခဲ့သူ ဗြိတိန်နိုင်ငံသား ဝီလယံ သောမတ် စတတ် (William Thomas Stead) ဖြစ်ပါတယ်။ နယူးယော့မြို့မှာပြုလုပ်မယ့် ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပေးဖို့ အမေရိကန်သမ္မတက ဖိတ်လို့ သွားခဲ့တာပါ။

အသက်ရှင်ကျန်သူတွေပြောပြချက်အရ စတတ်ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေကို အသက်ကယ်လှေပေါ်တင်ပေးရာမှာ ပါဝင်ကူညီပေးခဲ့ပြီး သူ့ရဲ့အသက်ကယ်ဝတ်စုံကိုလည်း အခြားခရီးသည်တစ်ယောက်ကို ပေးလိုက်ပါတယ်။

အသက်ရှင်သူတစ်ဉီးဖြစ်တဲ့ ဖိလစ်မော့ခ်က နောက်ဆုံးမြင်ကွင်းကို ပြောပြရာမှာတော့ သ‌င်္ဘောမြုပ်သွားချိန်မှာ စတတ်နဲ့ *အခြားတစ်ယောက်တို့က ဖောင်တစ်ခုကို အတူတူကုပ်ကပ်ဖက်တွယ်ထားကြတယ်။
အလွန်အေးတဲ့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ်မှာ သူတို့ရဲ့ခြေလက်တွေ အချိန်ခဏအတွင်း အေးခဲသွားပြီး ကြာကြာတောင့်မထားနိုင်တော့ဘဲ နှစ်ယောက်စလုံး နစ်မြုပ်သွားခဲ့ကြတယ်။

စတတ်ဟာ ကလေးသူငယ်စောင့်ရှောက်ရေး၊ လူမှုဉပဒေပြုရေးနဲ့ အင်္ဂလန်ရဲ့ ရာဇဝတ်ကျင့်ထုံးတွေ ပြုပြင်ပြောင်းလဲရေးတို့အတွက် ထောက်ပြဝေဖန် ရေးသားခဲ့သူပါ။

ဝီလယံ သောမတ် စတတ်ဟာ သေဆုံးချိန်မှာ အသက် ၆၃နှစ် ရှိပါပြီ။

*အခြားတစ်ယောက်ဆိုတာက အမေရိကန်သန်းကြွယ်သူဌေး ဒုတိယဗိုလ်မှူးကြီးဟောင်း ဂျွန်‌ ဂျေးကော့ အက်စတာ (John Jacob Astor IV) ဖြစ်ပါတယ်။

https://en.wikipedia.org/wiki/W._T._Stead