သားကြီးမောင်ဇေယျ - ပြည်သူ့ကျန်းမာရေး သူရဲကောင်းများ (၁)
(မိုးမခ)မေ ၂၊ ၂၀၂၀အခုလို ကိုဗစ် ၁၉ ကပ်ဘေး နဲ့ ရင်ဆိုင်နေချိန်မှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးလုပ်သားတွေ ရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို နေစဉ်ရက်ဆက်ကြားနေရပါတယ်။ ပြည်သူ့ အသက်ကို ရှေ့တန်းက ကာကွယ်နေတဲ့ သူရဲကောင်းတွေ အဖြစ် သူတို့ကို အသိအမှတ်ပြုကြပါတယ်။ ဒီလို အသိအမှတ်ပြုခံရတာဟာ အခုမှ မဟုတ်ပါဘူး။ ရာစုနှစ်ပေါင်းများစွာ ကြာကတည်းကပါ။ ဒါကို အနုပညာသည်တွေက မှတ်တမ်းတင်ထားကြပါတယ်။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်သူများ အကြောင်းရေးဆွဲထားတဲ့ ပန်းချီကားတွေ နဲ့ ကျနော် မိတ်ဆက်ပေးချင်ပါတယ်။
ပန်းချီကားအမည် – သေမှာကို ဂရုမစိုက်တဲ့ ဆရာဝန် (The Doctor Dismissing Death)
ပန်းချီရေးဆွဲသူ – Peter Simon
ရေးဆွဲသည်ခုနှစ် – ၁၇၈၅
ပန်းချီကား ချိတ်ဆွဲသည့်နေရာ – The Metropolitan အနုပညာ ပြတိုက် နယူယောက်မြို့၊ အမေရိကန်နိုင်ငံ ။
ကိုးကား – https://www.dailyartmagazine.com/a-tribute-to-medical-services-doctors-in paintings/
