Tuesday, September 15, 2020

ဆောင်းယွန်းလ - "ဒီကနေ့ သတင်း"

Art - Than Htay Maung


ဆောင်းယွန်းလ - "ဒီကနေ့ သတင်း"

(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၀

သတင်းဟာ
နိုင်ငံ့သတင်းစာကိုဖြတ်လို့
ကမ္ဘာကိုပတ်နေပြီ

စစ်ပွဲတွေကို
နှစ်သက်သဘောတူ ခဏရပ်ထားလို့ရတယ်

ဗိုင်းရပ်စ်ကို ခဏရပ်ခိုင်းဖို့
ဘယ်သူနဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးရမလဲ

နိုင်ငံရေးသမားတွေက အာနေကြတယ်
ကမ္ဘာကြီးက ပြာနေရတယ်
ပြည်သူလူထုတွေကတော့ နာနေကြတယ်

ကမ္ဘာမှာ အလှဆုံးကဗျာတွေ ပွင့်ဖို့
အိမ်တံခါးတွေဖွင့်လှစ်လို့ ဘယ်နှစ်နှစ်စောင့်ရဦးမလဲ

နိုင်ငံတံခါးတွေ အဖွင့်မှာ
ဗိုင်းရပ်စ်က တိုးဝင်လာခဲ့သလို
နိုင်ငံ့တံခါးတွေပိတ်ပြန်တော့
စီးပွားရေးက မဟန်ပြန်ဘူး

နယူးနော်မယ်လ်ဆိုတဲ့ ပုံမှန်ဘဝသစ်
စကားလုံးကျစ်လစ်မှုအရ စာသားကလှပေမဲ့
ဘယ်သူ့ဘ၀ကမှ မလှတော့တာ သေချာနေတယ်

ဒီကနေ့သတင်းဟာ
မနေ့တနေ့က သတင်းတွေလိုပါဘဲ
အက်ကြောင်းအထပ်ထပ်နဲ့ ကျိုးပျက်ကြေမွနေပုံများ။

ဆောင်းယွန်းလ