ဇော်ထွဋ် - ရွှေတောင်ခေတ်ပြိုင်ကြယ်တာရာများ
ဇော်ထွဋ် - ရွှေတောင်ခေတ်ပြိုင်ကြယ်တာရာများ
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၀(၁)
၁၆နှစ်သားလောက်မှာ ရန်ကုန်ကို အခြေချဖို့ ထွက်ခွာလာပါတယ်။ဦးကျော်ဟာ ကျောင်းပညာ အထက်တန်း မအောင်မြင်ပါဘူး။(အရေးမကြီးပါဘူး) ကျောင်းပြင်ပ ပညာရေးကို အမြဲဆညိးပူး လေ့လာခဲ့တာပါ။(အရေးကြီးပါတယ်။) စာပေ၊ ကဗျာ၊ ပန်းချီ..`ခရေဇီ´။ ကဗျာတွေ စာတွေရေးဖူး။
မန္တလေးသို့လည်း ပြောင်းရွှေ့နေထိုင်ခဲ့ဖူး။
(၃)
(၅)
ငယ်စဉ်က ရွှေတောင် အမျိုးသားကျောင်းမှာ ပုံဆွဲဆရာ ဦးထိပ်တင်ကြီး ထံမှ ပန်းချီပညာသင်ယူပြီး ဒုတိယဆရာမှာ ဆရာစိန် ဖြစ်ပါတယ်။ ဆရာစိန်ထံမှ ပုံတူရေးဆွဲတဲ့ပညာ သင်ယူလေ့လာခဲ့ပါတယ်။
ရှု့မဝဦးကျော်။
ပန်းချီကိုလေး။
စာရေးဆရာတင့်တယ်။
အနုပညာနယ်ပယ်မှာ အဲဒီ..ခေတ်ပြိုင်ကြယ်တာရာသုံးပွင့်ဟာ ရွှေတောင်သားတွေပါ။
ပန်းချီကိုလေး။
စာရေးဆရာတင့်တယ်။
အနုပညာနယ်ပယ်မှာ အဲဒီ..ခေတ်ပြိုင်ကြယ်တာရာသုံးပွင့်ဟာ ရွှေတောင်သားတွေပါ။
(၂)
ရှု့မဝဦးကျော်ရုပ်ပုံလွှာကို ရေးဖွဲ့ဖို့ဆိုရင် သူဌေးကြီးဦးမြရဲ့ မြပိုးထည်တိုက်က နိဒါန်းပျိုးရမယ် ထင်ပါတယ်။နာမည်ကျော် မြပိုးထည်တိုက်က ဗိုလ်ချုပ်စျေး အနောက်ဘက်တန်းမှာ ..။ ဦးမြက ပြေ(ပြည်မြို့)ဇာတိပါ။ ဦးကျော်ရဲ့ မိဘကလည်း ပိုးကုန်သည်ဆိုတော့ မိဘချင်း ရင်းနှီးပါတယ်။ ဦးကျော်ရဲ့မိဘက ဦးကျော် ငယ်စဉ်ကပင် (၁၄နစ်သားခနိ့) ကွယ်လွန်ခဲ့ပါတယ်။
၁၆နှစ်သားလောက်မှာ ရန်ကုန်ကို အခြေချဖို့ ထွက်ခွာလာပါတယ်။ဦးကျော်ဟာ ကျောင်းပညာ အထက်တန်း မအောင်မြင်ပါဘူး။(အရေးမကြီးပါဘူး) ကျောင်းပြင်ပ ပညာရေးကို အမြဲဆညိးပူး လေ့လာခဲ့တာပါ။(အရေးကြီးပါတယ်။) စာပေ၊ ကဗျာ၊ ပန်းချီ..`ခရေဇီ´။ ကဗျာတွေ စာတွေရေးဖူး။
မန္တလေးသို့လည်း ပြောင်းရွှေ့နေထိုင်ခဲ့ဖူး။
၁၉၃၆ မှာ ရန်ကုန်သို့ တစ်လှည့် ပြန်နေထိုင်ပါတယ်။
၁၉၄၀ မှာ ဗိုလ်ချုပ်စျေးမြပိုးထည်တိုက်မှာ မန်နေဂျာလုပ်ပါတယ်။တကယ်တော့..ဦးကျော် လုပ်ချင်တာက စာအုပ်ထုတ်ဝေရေးလုပ်ငန်းပါ။ ဦးကျော်ဟာ အနုပညာဗီဇပါတဲ့အတိုင်း အမြဲတစေ တီထွင်ကြံဆ လေ့ရှိပါတယ်။ အသင့်ပေါင်းပြီးသား မောင့်ကျက်သရေ ခေါင်းပေါင်းဟာ ရှုမဝဦးကျော်ရဲ့ ဖန်တီးမှုလို့ ဆိုပါတယ်။
ဦးကျော်ကို ဦးမြက သူ့ရဲ့အထည်လုပ်ငန်းမှာပဲ စွဲစွဲမြဲမြဲ လုပ်စေချင်ပါတယ်။ ဦးကျော်ကလည်း စာအုပ်ထုတ်ဝေရေးပဲ လုပ်ဖို့ စိတ်ပြင်းပြတဲ့သူပါ။ ဦးမြကို အကူအညီ ပေးဖို့လည်း ဦးကျော်က အမြဲ အပူကပ်တယ်လို့ ဆိုပါတယ်။ နောက်ဆုံး..ဦးမြက ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။ ငွေရေးကြေးရေးကအစ ဦးမြက အစစအကူအညီပေးတယ်လို့ ဆိုပါတယ်။
၁၉၄၆ မှာ ရှုမဝဦးကျော်က သီတာအေးပုံနှိပ်စက်နဲ့ ရှုမဝစာအုပ်တိုက်ကို ထူထောင်ပါတယ်။ ဦးကျော်ဟာ ပန်းချီကိုလေး၊ ဆရာတင့်တယ်တို့နဲ့ သုံးဦးသားတိုင်ပင်ပြီး၊ ၁၉၄၇ ဂျွန်လ မှာ ရှုမဝမဂ္ဂဇင်း စတင်ထုတ်ဝေပါတယ်။ဒါဟာ..ရှုမဝရဲ့သမိုင်းအစပါ။ ဦးကျော်ရဲ့သမိုင်းအစပါ။
ဦးကျော်ဟာ ၁၉၅၆ မှာ ရှုမဝရုပ်ရှင်ကို စတင် တည်ထောင်ခဲ့ပါတယ်။ ရွှေရင်သိမ်းသစ်၊ ချစ်တဲ့သူရဲ့ရင်ခွင်၊ ရင်ဝယ်တသိမ့်သိမ့်...စသဖြင့် ရုပ်ရှင်ကားပေါင်း(၁၁)ကား ကို ကိုယ်တိုင် ဇာတ်ညွန်းရေး စီစဉ်ရိုက်ကူးခဲ့ပါတယ်။
![]() |
ရှုမ၀ အဖုံး၊ သရုပ်ဖော် သောင်းဟန်၊ Moe Min Thein ဖေ့စ်ဘွတ် |
(၃)
ဦးကျော်ဟာ ရှုမဝရုပ်စုံမဂ္ဂဇင်းရဲ့ တည်ထောင်သူနဲ့ တာဝန်ခံစာတည်းပါ။ စာရေးဆရာတင့်တယ်က အတိုင်ပင်ခံစာတည်း။ ပန်းချီကိုလေးက ပန်ချီအတိုင်ပင်ခံ။
ဦးကျော်က ရှု့မဝဦးကျော်၊ ဇော်ဟိန်း၊ ဖိုးရှုမဝ အပြင် အခြားကလောင်နာမယ် အမျိုးမျိုးနဲ့ ဝတ္တု၊ ဆောင်းပါး၊ ကဗျာများ ရေးဖွဲ့ခဲ့ပါတယ်။ ဆရာတင့်တယ်နာမယ်က အရင်က တင့်တယ်မဟုတ်ဖူးလို့ ဆိုပါတယ်။ တင့်တယ် ကလောင်အမည်က ဦးကျော်ပေးတာပါ။. ဆရာတင့်တယ်ဟာ ရှုမဝမှာ အချစ်ဝတ္တုအပြင် အခြားကလောင်များနဲ့ စာပေအမျိုးအစား အမျိုးမျိုး ရေးခဲ့ပါတယ်။ ပန်းချီကိုလေးက မဂ္ဂဇင်းအဖုံးသာမက သရုပ်ဖော်ပုံများလည်း ပင်တိုင်ရေးဆွဲ ပေးရပါတယ်။
ဒါအပြင် စာမူများကို ဝိုင်းဝန်း ဖတ်ရှုပြီး အကြံပေးရတယ်လို့ ဆိုပါတယ်။နောက်ပြီး..အဝင်း ကလောင်အမည်နဲ့ ဖက်ရှင်ကဏ္ဏပါ ရေးသားပေးရတယ်လို့ ပန်းချီကိုလေးက ရေးသားဖူးပါတယ်။
![]() |
တင့်တယ်၏ စာအုပ်အဖုံး၊ သရုပ်ဖော် ကိုလေးဟု ယူဆနိုင်။ (မြေမှုန်လွင်၏ ဖေ့စ်ဘွတ်) |
(၄)
ဆရာတင့်တယ်က ရွှေတောင် ကင်မွန်းချုံလမ်းဇာတိပါ။ ဘီအေ၊ ဘီအယ်လ် (၁၉၄၅)ဘွဲ့ရထားပါတယ်။
၁၉၄၁ ပန်းတနော်မှာ ဆရာ။
၁၉၄၅ - စာပြု၊ ပညာရေးဌာန။
၁၉၄၅ - စာပြု၊ ပညာရေးဌာန။
၁၉၄၈ - အင်္ဂလိပ်ခေတ်ပြည်သူ့ဆက်ဆံရေး။
၁၉၄၈ - ဘာသာပြန်အရာရှိ၊ ပြန်ကြားရေးဌာန။
၁၉၄၈ - ၅၂ သုတေသနအရာရှိ B.B.C. လန်ဒန်။
၁၉၄၈ - ဘာသာပြန်အရာရှိ၊ ပြန်ကြားရေးဌာန။
၁၉၄၈ - ၅၂ သုတေသနအရာရှိ B.B.C. လန်ဒန်။
စစ်ကြိုခေတ် - နှစ်ပဲတန်ဝတ္တုများ(အောင်ကျော်)
ဂျပန်ခေတ် - စာရေးဆရာမဂ္ဂဇင်း(အောင်မြင်)
ဂျပန်ခေတ် - စာရေးဆရာမဂ္ဂဇင်း(အောင်မြင်)
၁၉၄၆ - စာပေဒသာ
၁၉၄၇ - ရှုမဝ
၁၉၄၈ - ပဒေသာ
၁၉၆၉- စန္ဒာမဂ္ဂဇင်းများတွင် စာတည်း။
၁၉၄၈ - ပဒေသာ
၁၉၆၉- စန္ဒာမဂ္ဂဇင်းများတွင် စာတည်း။
ဆရာတင့်တယ်ဟာ အချစ်ဝတ္တုတွေနဲ့ အလွန်နာမယ်ကြီးပါတယ်။ ဆရာ့ကို နှုတ်ခမ်းနီကြိုက်၊ ပန်းနီကြိုက် ဝတ္တုရေးဆရာလို့လည်း အချို့က ဝေဖန်ရေးသားပါတယ်။ ဆရာဒဂုန်တာရာကတော့.. `တင့်တယ်(သို့) နှုတ်ခမ်းနီကလေးတို့၏ အသည်းစွဲ´.. လို့၊ ဆရာတင့်တယ်ရဲ့ရုပ်ပုံလွှာကို ခြယ်သဖူးပါတယ်။
ဆရာဟာ အချစ်ဝတ္တုအပြင် ဘာသာပြန်ဝတ္တုများ၊ သိပ္ပံပညာရပ်၊ သုတပညာပေး၊ ဘာသာပြန်စာအုပ်(၆၀)ခန့် ရေးသားခဲ့ပါတယ်။
![]() |
U Ko Lay's Illustration (Moe Min Thein's FB) |
(၅)
` ပန်းချီကိုလေး(သို့) စာနယ်ဇင်းပန်းချီကျော်´..
ခေါင်းစီးဖြင့် အလင်းတန်းဂျာနယ်(၃၁ - ၁၀ -၂၀၁၁)တွင် ရေးခဲ့ဖူးပါတယ်။ ရှုမဝမဂ္ဂဇင်းဟာ ပန်းချီကိုလေးရဲ့အဖုံးပန်းချီနဲ့ တင်ဆက်တာ များပါတယ်။ ဆရာကိုလေးက မိန်းကလေးပုံ လှလှလေးတွေ ရေးဆွဲလေ့ရှိပါတယ်။ ရှုမဝမဂ္ဂဇင်းရဲ့ပင်တိုင်ပန်းချီဆရာ တစ်ယောက်ဆိုလည်း မမှားပါ။ သူ့ရဲ့ပန်းချီဆရာဘဝက `ဒဂုန်မဂ္ဂဇင်း´(၁၉၃၈) နဲ့စတင်တာပါ။ အဲဒီခေတ် အငယ်ဆုံး စာနယ်ဇင်း ပန်းချီဆရာလို့ ဆိုပါတယ်။ အဲဒီကာလတွေမှာပဲ ဆရာကြီး ဦးငွေကိုင်ဆီမှာ တပည့်ခံပါတယ်။
ငယ်စဉ်က ရွှေတောင် အမျိုးသားကျောင်းမှာ ပုံဆွဲဆရာ ဦးထိပ်တင်ကြီး ထံမှ ပန်းချီပညာသင်ယူပြီး ဒုတိယဆရာမှာ ဆရာစိန် ဖြစ်ပါတယ်။ ဆရာစိန်ထံမှ ပုံတူရေးဆွဲတဲ့ပညာ သင်ယူလေ့လာခဲ့ပါတယ်။
ပန်းချီပဲ ရေးဆွဲတတ်တယ်။ ပန်းချီရေးဆွဲခြင်းအတတ်နဲ့ပဲ တစ်သက်လုံး ရပ်တည်နေလာတာပါ။ဒါပေမယ့်လည်း..သူရေးဆွဲချင်တာ commercial art မဟုတ်ဘူး။ fine art လို့ .မြည်တွန်ခဲ့တာတွေလည်း ရှိပါတယ်။
တကယ်တော့လည်း ဘယ်ပန်းချီဆရာဖြစ်ဖြစ် က်ုယ်ရေးဆွဲချင်စိတ်ရှိတဲ့ ပန်းချီကားပဲ ရေးချင်တာပါ။
ဇာတ်ဆရာအလိုက် ဘယ်သူမှှ မကခုန်ပါဘူး။
ဇာတ်ဆရာအလိုက် ဘယ်သူမှှ မကခုန်ပါဘူး။
(၆)
ရှုမဝဦးကျော်ဟာ စာနယ်ဇင်းနဲ့ ရုပ်ရှင်နယ်ပယ်မှာ အလွန်တောက်ပတဲ့ ကြယ်တစ်ပွင့်။
စာရေးဆရာတင့်တယ်ဟာ စာပေနယ်မှာ အလွန်လင်းလက်တဲ့ ကြယ်တစ်ပွင့်။
ပန်းချီဆရာကိုလေးဟာ စာနယ်ဇင်းနဲ့ပန်းချီ လောကမှာ အလွန်ဝင်းပတဲ့ ကြယ်တစ်ပွင့်ပါ။
စာနယ်ဇင်းလောကမှာ တချိန်တည်း တောက်ပသော ခေတ်ပြိုင်အနုသုခုမကြယ်ပွင့် သုံးပွင့်။
ကျန်းမာပါစေ။
ဇော်ထွဋ်
(စာရေးသူဖေ့စ်ဘွတ်ကနေ ယူပါတယ်)