USA – editors @ moemaka.net ((510) 854-6501)
Thursday, December 17, 2020
မြင့်အောင်သန့် - ငါးတစ်ကောင်ရဲ့ ရာဇဝင်သမိုင်း
ငါးတစ်ကောင်ရဲ့ ရာဇဝင်သမိုင်း
မြင့်အောင်သန့်
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၂၀
အိပ်မပျော်တဲ့
အမှောင်ညများ
မှောက်လိုက်
လှန်လိုက်
မျောလိုက်
တုံ့လိုက်
ငါ့ခန္ဓာထဲ
ငါကိုယ်တိုင်ဝင်ပြီး
ကူးခပ်နေရဲ့
ရေဆာတယ်အမေ ။ ။
‹
›
Home
View web version