Tuesday, January 26, 2021

စေတ - နာရီ

နာရီ
စေတ
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၁

လေပြည်လေညင်းဆိုလည်း
လေပြေလေညင်းပေါ့
မုန်တိုင်းဆိုလည်းမုန်တိုင်းပေါ့
ကြိုဆိုသင့်ရင်ကြိုဆိုရမှာပဲ
ခုခံသင့်ရင်ခုခံရမှာပဲ
ငါတို့ရွေးစရာလမ်းမှမရှိဘဲ
ကမ္ဘာရေ
သင်နဲ့ငါမိတ်ဆွေဖြစ်တာ
နှစ် ၆၀ စွန်း‌ခဲ့ပေါ့
ငါတို့ရဲ့ချစ်ခြင်း
လွင့်ပြယ်ဖို့ဆိုတာ
မိုးခြိမ်းသံတောင်မကြားဖူးဘူး
ဆောင်းဆိုလည်းနှင်းတွေဖွေးလို့
မိုးဆိုလည်း မိုးတွေသည်းလို့
နွေဆိုလည်း ဥဩတွေ အသံချိုလို့
ကမ္ဘာရေ 
ရိုးမကကြိုးကြာငှက်တွေ 
ကိုယ်တို့ဆီ
ပျံသန်းလာ‌နေပြီပဲ။     ။

Written on 22 - 12 - 2020
Edited on 24-1-2021