မောင်စွမ်းရည် - မိုးစွန်တမွတ် တိမ်တွေ လွတ်
(မိုးမခ) ဖေဖော်ဝါရီ ၈ ၊ ၂၀၂၁ကြက်ဖတွန်လဲ မိုးလင်းမြဲ၊
ကြက်မတွန်လဲ မိုးလင်းမြဲ၊၊
ကြက်ဖလဲ တွန်၊ကြက်မလဲတွန်၊
မိုးစွန်တမွတ် တိမ်တွေလွတ်၊၊
တိမ်တွေလဲချွတ်၊နေလဲကျွတ်၊၊
ငါတို့ အားလုံးလွတ်၊
အော် အီအီး အွတ်၊
အော်အီအီး အွတ်၊၊ ၊၊