၈၈ - ၂၀၂၁
တောင်ကြီးကို ဖြို
ပြည်ကို ဖျက်တဲ့
တောင်ကြီးလည်း
မပြိုခဲ့ဘူး
ပြည်လည်း
မပျက် ခဲ့ဘူး။
ပြောင်းဖူး
ပြုတ်ဖူး တဲ့
ပြောင်း လည်း
ပြောင်း ခဲ့ပြီးပြီ။
ပြုတ် လည်း
ပြုတ် ခဲ့ပြီးပြီ။
ခေတ်ကိုပြောင်းဖို့
ခေါင်းကိုပစ်တဲ့လား။
ခေတ်ကပြောင်းနေပြီ
ကိုယ့်ခေါင်းကိုယ်သာ
စမ်းထားပေတော့။
ထွန်းဝင်းငြိမ်း
၁၊ ၃၊ ၂၀၂၁
