ရန်ကုန်တိုင်းတွင်း ကိုဗစ်နဲ့ သင်္ဂြိုဟ်ခဲ့ရသည့် ဦးရေတွင် ဇူလိုင် ၂၃မှာ ၁၈၀၁ ဦးနဲ့ အမြင့်ဆုံး
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၁ကိုဗစ် တတိယလှိုင်း မြန်မာနိုင်ငံအတွင်း ပြင်းထန်ခဲ့သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လအတွင်းက ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်၏ သုဿန်များတွင် သေဆုံးလူနာများကို သင်္ဂြိုဟ်ခဲ့ကြရာတွင် စုစုပေါင်း ၄၄,၉၃၇ သေဆုံးခဲ့သည်ဟု ဆိုသည်။ ကောက်ယူရရှိသည့် စာရင်းအရ ဇူလိုင်လသည် အများဆုံးဖြစ်သည်။ ဇူလိုင်လ ၅ တွင် အသုဘ ၃၀၀ ကျော် ချခဲ့ပြီး စတင် သေနှုန်းမြင့်တက်ခဲ့သည်။ ဇူလိုင် ၂၇တွင် ၁၈၀၁ ဦးအထိ သေဆုံးခဲ့သည်။ ဩဂုတ် ၂၅ မှ စတင်ပြီး ကိုဗစ်ဖြင့် သေဆုံးသူ လူနာ ၂၀၀ ဦးဝန်းကျင် အနည်းဆုံးအဖြစ် စတင် ကျဆင်းခဲ့သည်။ စာရင်းကို သုဿန်သေစာရင်းနဲ့ အခြားမှတ်တမ်းကောက်ယူမှုများကနေ အတည်ပြုမှု ရယူ တင်ပြခြင်း ဖြစ်ပါသည်။ ဩဂုတ် ၃၀ တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၁၇၈ ဦး ရှိခဲ့သည်။
