Thursday, November 4, 2021

လင်းနွေးအိမ် - ငါဟာ ထန်တလန်


လင်းနွေးအိမ် - ငါဟာ ထန်တလန်
(မိုးမခ) နို၀င်ဘာ ၄၊ ၂၀၂၁

ငါ့အသားပေါ်မီးခဲကျလို့
အရေပြားဖောင်းကြွပြီး အရည်ကြည်ဖုတွေတက်နေသလိုမျိုး
ငါဟာ ထန်တလန်။

ငါ့ကိုစစ်ကြောရေးမှာ ဆေးလိပ်မီးနဲ့ထိုးလို့
ငါ့အရည်ပြားတွေ နီရဲစုတ်ပြတ်သလိုမျိုး
ငါဟာ ထန်တလန်။

ငါ့ကိုနောက်ပြန်လက်ထိပ်ခတ်
ခြေထောက်တွေထိပ်တုံးခတ်ပြီး
ကန်ကျောက်ခံရလို့ နာကျင်သလိုမျိုး
ငါဟာ ထန်တလန်။

ငါ့ညှို့သဂျီးကို ဝါးရင်းတုတ်နဲ့ရိုက်ခံရလို့
ငါ့ခြေသလုံးတွေ ယောင်ကိုင်းရသလို
ငါဟာ ထန်တလန်။

ငါ့အရည်ပြား
ငါ့အရိုး
ငါ့နှလုံးနာကျင်မှုအတွက်
ငါ့ကိုလောင်မြိုက်စေသူတွေ
ငါ့လိုမခံစားရတောင်
ခုံရုံးမှာ ငါ့ကိုအမိန့်ချခဲ့သလိုသာ လိုချင်ခဲ့
ငါဟာ ထန်တလန်။

ကမ္ဘာမကြေဘူးကို
တောင်ဇလပ်ပန်းတွေအတွက်ဆို ပေးချင်ခဲ့
ငါဟာ ထန်တလန်။

လင်းနွေးအိမ်
နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၁။

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar