(မိုးမခ) ဖေဖော်၀ါရီ ၂၈၊ ၂၀၂၂
ကိုယ်မကြိုက်တဲ့ အပြုအမူ
ကိုယ့်ကိုလာလုပ်တာ လက်မခံသလို
သူ မကြိုက်တာ ကိုယ်က မပြုမူဖို့
စောင့်စည်းတာဟာ
လူလိုသိခြင်းအနုပညာ
အဲဒီသန္ဓေကောင်းတွေ မွေးမြူ
လူပီသစွာ နေရခြင်းကမ္ဘာ
ရလိုသော စိတ်နဲ့ အိပ်ပါရစေ
ထိတ်ထိတ်ပြာပြာသောကတွေ
မဝေပါရစေနဲ့တော့
ယဉ်ကျေးတဲ့ ကမ္ဘာဆီ သွားရာလမ်းမှာ
အနိုင်ကျင့်မှုတွေတော့
သယ်မလာပါနဲ့ကွာ။
မိုးဦးဆွေညိန်း (၂၆.၂.၂၀၂၂)
=====
The Melodious Tone of the World
Behaviors that you do not like,
Just as you have no acceptability;
Shouldn’t act the manner that one does not like,
To have clean-living,
That is ‘The Art of Being Human’
Raise those good embryos of morals
In the world of humanitarianism
I would like to sleep with the desire to get it
Let the fearful grieves
Not share or bloom
On the way toward a civilized world
Bullying
Must not be carried
Moe Oo Swe Nyein (26.2.2022)
Translated by Naing Swann (27.2. 2022, 8:44 PM)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar