USA – editors @ moemaka.net ((510) 854-6501)
Tuesday, July 5, 2022
မြစ်အောင် - ရန်ကုန်သဲကန္တာရ
ရန်ကုန်သဲကန္တာရ
မြစ်အောင်
(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၂
ကုလားအုတ်တွေက
ရွှေတောင်ကြားမှာ အိပ်နေပြီ။
လူတွေမှာ
ငတ်စရာ ရေတောင် မရှိ။
သဲမုန်တိုင်း မဟုတ်ဘူး
အဲ့ဒါ ခင်ဗျားနားကနေ
လုံခြုံရေးယာဥ်တန်း ဖြတ်သွားတာ။ ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
‹
›
Home
View web version