Sunday, January 22, 2023

ကရော်ဟုန်း - ဘာလုပ်ရမလဲ သိ

ဘာလုပ်ရမလဲ သိ
ကရော်ဟုန်း
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၃

မီးဟာ
တသွေး တသံ တမိန့်နဲ့
ဘာကိုမှ ဂရုမစိုက်ဘဲ
အရှိန်မပျက်လောင်ကျွမ်းနေတယ်။

တွေ့သမျှ
လောင်ကျွမ်းမခံနိုင်ရင်တော့
မီးငြိမ်းမယ့်ရေတွေ
ထုထည်ကြီးမှ ရမယ်။

ရေများ ရေနိုင်
မီးများ မီးနိုင်
သဘာဝဥပဒေသကို
သိနေကြတာပဲ။

ရေတွေ ဘာလုပ်ရမယ်ဆိုတာ
သင်္ချာတွက်နေကြဦးမလား။

၂၃၀၁၂၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar