Thursday, May 25, 2023

မင်းငြိမ်းအေး - ခက်သည်၊ လွယ်သည်

Image- Credit
ခက်သည်၊ လွယ်သည်
မင်းငြိမ်းအေး
(မိုးမခ) မေ ၂၅၊ ၂၀၂၃

မင်းမွေးနေ့ကိတ်က
ဗန်ကျီတိုက်နယ်တင်မက
အထွေထွေကုမရတဲ့
ကုလသမဂ္ဂထိ။

မောင်းတုံကအမေရေယဉ်နဲ့
ဦးဇင်းတစ်ယောက်ကိုဦးခိုက်
လူလည်းခက်
ကဗျာလည်းခက်တဲ့
ကဗျာဆရာတစ်ယောက်
ဘယ်ဘဝရောက်နေပြီလဲ။

နေကြာတွေဆီကြိတ်
အနေမကြာတဲ့နေကြာတွေ
ကဗျာကိုဖိကြိတ်တော့
ကဗျာပဲပြန်ထွက်စရာရှိတာပေါ့။

ဒီဘဝမှာ
ပယ်တရား
ကယ်တရား
ဆပ်မရတဲ့အကြွေးနဲ့။

ခက်သီ
ကဗျာလိုရေးရင်
ကဗျာမဖြစ်လို့
ကဗျာမဖြစ်အောင်ရေးလိုက်တယ်။

ဘဝအဆက်ဆက်
ယဉ်ကျေးတဲ့အစိုးရနဲ့သာ
စင်ပြိုင်ဖြစ်ပါစေ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar