USA – editors @ moemaka.net ((510) 854-6501)
Thursday, July 20, 2023
မင်းငြိမ်းအေး - လူသိများတဲ့ဖြစ်ရပ်
Art by Than Htay Maung
လူသိများတဲ့ဖြစ်ရပ်
မင်းငြိမ်းအေး
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၃
ကျွန်စော်နံတဲ့ကျောက်ပေါ်
ဓားကိုသွေးတယ် ။
သခင်အနံ့ထွက်တဲ့ဓားကို
ကျောက်ကရယ်တယ် ။
သဘာဝတဲ့
နားလည်ဖို့ခက်ပါတယ် ။
ကျွန်စော်နံတဲ့ကျောက်တုံးကို
ငါရှာမတွေ့တော့ဘူး ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
‹
›
Home
View web version