Wednesday, September 27, 2023

သင်းရည်လွင် - ဝမ်းစာ

Art by Than Htay Maung
ဝမ်းစာ
သင်းရည်လွင်
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၃

ဘတ်စ်ကား မမီမှာစိုးသူလို 
သူတို့ပြေးပြေးလွှားလွှား ပျံနေကြ
အတောင်ပံတစ်စုံဆီ 
မနက်ခင်းက စပြီး
ကြောင်လိမ်လှေကား ဒုက္ခတစုံတရာ
တိတ်ဆိတ်ပြီး ဆူညံနေတဲ့စိတ်ရဲ့ အခန်းတစ်ခန်း
မျက်နှာချင်းဆိုင်ဆုံရင်တောင် 
မသိသလိုနေလိုက်ရ
စပါးခင်းဟင်းအိုးကြီးထဲ ပျောက်သွားကြတယ်
သူတို့ဘာသာဘာဝ ပင်လယ်ဆီ
ကောင်းကင်လိုပြိုမလာဖို့ဆုတောင်းရင်း
ဝမ်းတထွာတိုင်းမယ့် လက်တစ်စုံ အဆုံး
ကျွန်တော်တို့ အသက်ရှင်ရုံ 
ရိတ်သိမ်းခွင့်ရတာ
ဘုရားသခင်ကို ကျေးဇူးတင်ရ။

Sep25, 2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar