Monday, December 4, 2023

နေစိမ့် - မမေ့ပန်းများ

Art by Than Htay Maung
မမေ့ပန်းများ
နေစိမ့်
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၃

မနေ့က ဘာမှမဖြစ်ခဲ့သလို
မမေ့ပန်းတွေ
မေ့ကမ္ဘာမှာ တခင်းလုံးပွင့်တယ်

ပျက်လုံးတခုရဲ့ကိုယ်ထည်ထဲ
အစာသွတ်ထားတဲ့စကားလုံးတွေ

သံလမ်းနဲ့ရထားဘီး အထိအတွေ့မှာ
ဇလီဖားတုံးတွေ
မီးကတဖျပ်ဖျပ်ကို အရသာခံပုံတွေ

ြခင်္သေ့တွေစားပြီးသားအရိုးအရင်း
မြေခွေးတွေ ဝင်ခဲပုံတွေ

ကိုမာဖြစ်နေတဲ့မနက်ဖြန်တွေမှာ
အခမ်းနားဆုံး နာကျင်မှုတွေ

ဘာကိုဘာမှ အဓိပ္ပာယ်ရှိရှိ
မသိချင်တဲ့ချဉ်ခြင်း
လွတ်လပ်ခြင်းရဲ့ဝှက်ဖဲ သော့ခတ်လို့ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar