ဘဝခြား
မင်းငြိမ်းအေး
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄
မိုးရွာပြီးစ
ထွက်လာတဲ့သက်တန့်ကြီးအကြောင်း
အဖေပြောပြတဲ့နေ့က
ကျွန်တော်တို့မိသားစု
တစ်ယောက်၊တစ်ရောင်စီနဲ့
ကွေးညွတ်ကြည့်မိကျတယ်
ညီလေးက အပြာ
အစ်မက နီစိမ်းစိမ်း
ကျွန်တော်ကတော့ တောက်မဲ့မီးခဲကို
ပြာနဲ့ဖုံးပစ်ခဲ့
နှစ်ကာလကြာတဲ့အခါ
အမေ့ရဲ့လုံချည်လေးတောင်
မုဆိုးမရောင်ထွက်လာခဲ့
အဖေပြောတဲ့သက်တန့်ကြီးမှာ
အရင်လိုကွေးညွတ်ကြည့်ရင်
မိုးမရွာစေချင်ဘူး
မစုံတဲ့အရောင်ကို
လူမြင်မခံချင်ဘူး၊ သားကြီးရယ်
အမေက
မိုးရွာပြီးစအရောင်နဲ့
အဖေပြောခဲ့တဲ့သက်တန့်ပါ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar