Sunday, June 30, 2024

ခက်ဦး - လူ တဲ့

Art by Than Htay Maung
လူ တဲ့
ခက်ဦး
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၄

အစာဖြတ်လေဖြတ် 
ရေဖြတ်သွေးဖြတ် 
အတွေးဖြတ်အမြင်ဖြတ် 
အထင်ဖြတ်အပြောဖြတ်
သောကဖြတ်မောဟဖြတ် 
ဒေါသဖြတ်လောဘဖြတ်
ကုသိုလ်နည်းနည်းဖြတ် 
အကုသိုလ်များများဖြတ်
ဖြတ်ပါများအသွေးအို 
သွားပါများအသားဟောင်း
ဝင်ပါများလမ်းဖြစ် 
ထွက်ပါများလမ်းပျက်
အသက်ဖြတ်ချမခံရသေးတဲ့အထိပေါ့လေ
အဲ့ဒီ့အခွံကောင်ဟာ
သူ့ကိုယ်သူ
ဘဝင်တွေထူမာနခိုးတွေအူလို့
သူ့ကိုယ်သူ
ရင်ဘတ်ကြီးပုတ်ပုတ်ပြနေရင်းက
သူ့ကိုယ်သူ  ။

၃၀ ၆ ၂၀
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar