Tuesday, September 10, 2024

မိုးသစ်ဝေ - ပေါင် သန်း၆၀

Art by Than Htay Maung

ပေါင် သန်း၆၀
မိုးသစ်ဝေ
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၄

ငါတို့အပေါ်ကျရောက်တဲ့
လက်သီးတလုံးက
ပေါင် ၅၀၀ လေးတယ်။ 

အံတင်းတင်းကြိတ်ရင်း
ငါဆုပ်ထားမိတဲ့ လက်သီးက
တပေါင်ပဲ လေးတယ်။ 

ဒါပေမယ့် အဲဒီလို လက်သီးလေးတွေ
အားလုံးကို ပေါင်းလိုက်ရင်
ပေါင် သန်း ၆၀ လေးတဲ့
လက်သီးကြီးဖြစ်လာလိမ့်မယ်။ 

၉၊ စက်တင်ဘာ၊ ၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar