Tuesday, September 3, 2024

ကျော်မင်းထွန်း(NEW YORK) - ဗုံးကြဲခဲ့ပါတယ်

Art by Than Htay Maung

ဗုံးကြဲခဲ့ပါတယ်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၄

ရောင်နီကို အတိအကျဖမ်းဆုပ်
လက်မရုပ်နဲ့
ရောင်နီပျောက်သွားတဲ့အခါ
လမ်းဟာ ဦးပဲ့သွားတဲ့မြားတစ်စင်းလို..

ရောင်နီကို အမိအရလှမ်းဖက်
ရှေ့ဆက်တက်ကြ
ရောင်နီလွတ်ကျသွားရင်
လမ်းဟာ ရနံ့မရှိတဲ့ စက္ကူပန်းလို..

အိမ်လွမ်းရေးခက်
ရွက်နုတွေ ကြွေ
စကားလုံးတွေ အေးစက်
ရင်ခုန်သံတွေ သွေးထွက်။

ဒီလမ်းမမှာ
ကျနော့် အတ္တကို
ကျနော် ဗုံးကြဲခဲ့ပါတယ်။     ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar