Friday, November 8, 2024

ကိုအောင်မှိုင်း - အနင်းခံ မြေ

ကိုအောင်မှိုင်း - အနင်းခံ မြေ

(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄


ငါ့ ရင်ဘတ်ပေါ်မှာ

ပန်းတွေ ဖူးပွင့်ပါစေ။

ငါ့ ရင်ဘတ်ပေါ်မှာ

ကလေးတွေ ရှင်သန်နိုင်ပါစေ။

ငါ့ ရင်ဘတ်ပေါ်မှာ

ဓမ္မတရားတို့ အောင်ပွဲခံနိုင်ပါစေ။

ငါ့ ရင်ဘတ်ပေါ်မှာ

သေဆုံးသူတွေ နားခိုနိုင်ပါစေ။

ငါ့ ရင်ဘတ်ပေါ်မှာ

အလှတရားတို့ လာခြင်းကောင်းပါစေ။

ငါဟာ

နေလို လလို မကျင့်လိုပါ

လူသားတိုင်း နင်းခွင့်ရှိတဲ့

ကျေးဇူးတရားကို မေ့ခွင့်ပြုတဲ့

အနင်းခံမြေလို ခံနိုင်ရည်ရလိုပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar