ကိုအောင်မှိုင်း - မာနယ်ပလောတမ်းချင်း
ကိုအောင်မှိုင်း - မာနယ်ပလောတမ်းချင်း
(မိုးမခ) ဒီဇင်ဘာ ၂၁ ၊ ၂၀၂၄
အတိတ်က
အိပ်မက်တွေဟာ
အရိပ်တွေမဟုတ်တော့။
အိပ်ယာဝင်ပုံပြင်တွေဟာ
ဒဏ္ဍာရီတွေမဟုတ်တော့။
ပြန်လည််နိုးထ
ဂန္တဝင်တေးသစ်တွေစ
အချစ်သီချင်းတွေ ဖန်ဆင်းလိုက်ကြပြီ။
တမ်းတမ်းတတ
လွမ်းဆွတ်ခဲ့ရ
ညအသင်္ချေ
မီးလောင်မြေဟာ
တရှိုက်မက်မက်
လွမ်းရက်တွေရှည်ခဲ့။
မာနယ်ပလောရေ
ငါတို့ ပြန်လာကြမယ်......
အနာဂါတ်ကိုဖန်ဆင်းဘို့
ငါတို့ပြန်လာကြမယ်.......
ကြည်လင်တဲ့မိုးမင်းကြီးကို
တညလုံးအတူကြည့်ကြမယ်.......
မီးပုံကြီးဘေး သောင်းရင်းမြစ်တေး
ငေးမောရင်း အတူရေးကြမယ်။
ဗိုလ်ချုပ်ကြီးမြကို
လွမ်းတယ်။
ဖဒိုမန်းရှာကို
လွမ်းတယ်။
သောင်ရင်းမြစ်ကို
လွမ်းတယ်။
စိန်ဝင်းမြိုင်ကို
လွမ်းတယ်။
မာနယ်ပလောမှသည်
နေပြည်တော်ဆီ
စစ်ချီသံပေး စစ်တေးတွေသီရင်း
အောင်မြေနင်းလိုက်ကြစို့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar