Sunday, March 30, 2025

လင်းလက်နွေဦး - ငလျင်

လင်းလက်နွေဦး - ငလျင်

မိုးမခ ၊ မတ် ၃၀ ၊ ၂၀၂၅


အာနန္ဒာရဲ့ အာမေဍိတ်မှာ

မာရ်နတ်က နှလုံးသားကို ဖမ်းဆုတ်ထားတယ်


တိုင်တည်ရာ မြေအထုလည်း

မျက်နှာမွဲတွေကို မျက်နှာလွှဲပြီလား


မင်းပြောင်းမင်းလွှဲဆိုရင် လှုပ်ပါစေ

အကြိမ်ကြိမ် သေစရာ မလိုတော့ဘူးပေါ့


မြို့ ရွာ ပျက်ကိန်းကတော့

နဖူးကွဲတဲ့အထိ မှန်ပါရဲ့


မြန်မာလူမျိုးတွေ အလုပ်မရှိတော့

ကြည့်ကာငိုစရာ တံတားကြီးလည်း ပါသွားပြီ


မင်းကွန်းခေါင်းလောင်းကြီးနဲ့ မြသိန်းတန်စေတီ

ပြန်လည်သာယာဖို့ ထပ်တိုးလာသည်


နှစ်ပေါင်းများစွာ တန်ဖိုးထားစရာ‌တွေ

တစ်ချက်တည်းနဲ့ ရိုက်သတ်ခံရ


ဗုဒ္ဓဘုရား

သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့်

အာယုသင်္ခါယဓာတ်ကို

ပြန်လည် သုံးသပ်တော်မူပါဘုရား


လင်းလက်နွေဦး

29.3.2025 11:00 am



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar