Saturday, March 29, 2025

ကျော်ဟုန်း - ပြတ်ရွေ့ချိန်တန်ပြီ

Photo Credit
ပြတ်ရွေ့ချိန်တန်ပြီ
ကျော်ဟုန်း
(မိုးမခ) မတ် ၂၉၊ ၂၀၂၅

ငလျင်က
ရင်ညွန့်တည့်တည့်က ခွဲတယ်။

မအလတွေက
ခေါင်းတည့်တည့်က ခွဲတယ်။

မြန်မာတိုင်း သိဖို့က
ဒါဟာ
ဝဋ်နာကံနာ မဟုတ်ဘူး။

သဘာဝဘေးမို့
သွေးအေးလို့ မရနိုင်သလို
တမင်တကာဘေးကို
သွေးအေးလို့ မရနိုင်ဘူး။

ဒုက္ခပေါ် ဒုက္ခဆင့်အောင်
လူစိတ်ကင်းတဲ့ မိစ္ဆာယုတ်
ခုံရုံးနဲ့ မတန်တော့ဘူး
ဘုံအဆုံးမဲ့နဲ့ တန်သပ။

မိစ္ဆာတွေကို မိရင်
ဂျနီဗာစာရွက်ကို ဆွဲဆုတ်
ကိုဓနဲ့တန်သူတွေ ရှိနေတဲ့
ပစ္စန္တရစ်အချိန်ကာလ။

၂၅၃၂၈

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar