Friday, June 13, 2025

နိုင်မွန်အောင်သွင် - ခေတ်အထာ

 


ခေတ်အထာ
နိုင်မွန်အောင်သွင် 
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၅


အရိုင်းကို
အယဉ်ဖြစ်စေမယ်။ 

အမှောင်ကို
အလင်းဖြစ်စေမယ်။

အနှေးကို
အမြန်ဖြစ်စေမယ်။

အပူကို
အအေးဖြစ်စေမယ်။

စိုသောလက်တွေကိုလည်း
ခြောက်စေခဲ့တယ်။

ရင်ဘတ်တစ်ခြမ်းစာက
ချစ်လက်စမဆုံးသေးဘူး။

ကျန်တဲ့ရင်ဘတ်တစ်ခြမ်းစာက
ရန်သူကို
ရန်သူစစ်စစ် ဖြစ်နေဆဲပါပဲ။

ဗုံးခိုကျင်းထဲ ထွက်ကျလာတဲ့
ခေတ်အထာထဲက
တတ်သမျှ မှတ်သမျှအရာတွေပေါ့ ဂျွန်။

၇.၆.၂၀၂၅


- 
 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar