Saturday, June 21, 2025

ဖလော်ဒါဟန် - တလရနယ်ပယ် ကျယ်ပြန့်လာခြင်းရဲ့ ညစ်ညမ်းမှုစံချိန်

တလရနယ်ပယ် ကျယ်ပြန့်လာခြင်းရဲ့ ညစ်ညမ်းမှုစံချိန်

ဖလော်ဒါဟန်

 မိုးမခ ၊ ဇွန် ၂၁ ၊ ၂၀-၂၅

တလရ နယ်ပယ်တွေ ကျယ်ပြန့်လာတယ်။ လူတွေရဲ့ အ‌တွေးအမြင် အသိစိတ်တွေ ညစ်ညမ်းလာကြတယ်။

အသက် ဆိုတာ လူတယောက်အတွက် ဘဝဖြစ်သလို လူတယောက်ရဲ့ ပုံရိပ်ပါ။

ယနေ့အချိန်မှာ ကြားသိနရတဲ့ သတင်းမီဒီယာများရဲ့ ဖော်ပြချက်များမှာ လူကို လူက သတ်တယ်ဆိုတာပါပဲ။

ခိုင်မာတဲ့ အကြောင်းပြချက် မရှိပါ။ လက်လွတ်စပယ် အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေ ရှိနေကြပါပြီ။

မြို့ပေါ်မှာလည်း ဒီအဖြစ်အပျက်မျိုးတွေ ရှိနေသလို ကျေးရွာစုံ နယ်ပယ်အစုံမှာ ကြားသိရတာတွေရှိပါတယ်။

ဘယ်အဖွဲ့အစည်း ဘယ်သူက ဘယ်လိုသော အကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ် လူတယောက်ကို သေစေနိုင်သည်အထိ ပြစ်မှုကျူးလွန်ခြင်းသည် မိမိကိုယ်တိုင် ပေးရမယ့် ပြစ်ဒဏ် မဟုတ်ပါဘူး။

ဥပဒေနဲ့စနစ်တခုက ပေးရမယ့် ကျင့်ထုံးကျင့်စဉ်များပါ။

ဒါကို အလေးအနက်မထားဘဲ လက်လွတ်စပယ် လူအများကို သေစေနိုင်တဲ့ လက်နက် ကိုယ်ကာယကို အသုံးပြုပြီး ခေါင်းဆောင်ဆိုသူများကော အခြားသောအစုအဖွဲ့များကပါ အသိစိတ်တွေ ကင်းမဲ့စွာ ကျင့်သုံးလာကြတယ်။

ပြည်သူများရဲ့ စိတ် အကြောက်တရားကို စိန်ခေါ်ကြပြီး မိမိတိုရဲ့ပါဝါအာဏာကို အလွဲသုံးစားလုပ်လာကြတယ်။

ယနေ့အချိန် ပြည်သူ ဆိုတာ ဟိုလူ့ ကြောက်ရ၊ ဒီလူ့ကြောက်ရ ဆိုတဲ့ စကားမျိုး ကျယ်ပြန့်လာခြင်းသည် တလရ အတွက် ဂုဏ်သိက္ခာမဲ့စေသလို ပြည်သူအများ၏ ယုံကြည်အားကိုးမှု ယုတ်လျော့လာခြင်း၏ အနေအထားကို ဦးတည်နေတာပါပဲ။

ဒီလိုအဖြစ်အပျက်များက နေရာတိုင်းမှာ မရှိပေမဲ့ လူသတ်မှုတွေ စိတ်လာခြင်းသည် ပြည်သူအတွက် လုံခြုံဘေးကင်းမှု အားလျော့လာသလို အကြောက်တရားနဲ့ လူတွေကို ခြိမ်းခြောက်လာတယ်လို့ ထင်မိပါတယ်။

ယနေ့အချိန်မှာ ဘယ်သူက သတ်လို့ သတ်မှန်းမသိ၊ အနုကြမ်းစီးလို့ စီးမှန်းမသိ လူမသိ သူမသိဘဝတွေနဲ့ အသက်ပေးခဲ့ကြတဲ့ ပြည်သူတွေဘဝက ရှေ့ဆက်ခရီးမှာရော လုံခြုံမှု ရှိပါ့မလားဆိုတဲ့မေးခွန်းတွေ ဖြစ်လာပါပြီ။

အပြစ်သားတိုင်းအတွက်က ဥပဒေရှိသလို နိုင်ငံသားတိုင်းအတွက် လုံခြုံမှုနဲ့ အသက်အန္တရာယ်ကိုကာကွယ်စောင့်ရှောက်နိုင်မယ့် အစိုးရတရပ်ဆိုတာ ရှိနေရမှာပါ။

တလရ မှာ နှစ်ကာလကြာလာသည်နှင့် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များကလည်း တဖြည်းဖြည်းနဲ့ အာဏာရှင်နဲ့ စိတ်ဓာတ်ပျက်ပြားသူတွေရဲ့ လက်ထဲမှာ လုံပါးပါးလာရတယ် ဆိုတာ ထောက်ပြရင်း။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar