Saturday, June 14, 2025

ခရမ်းပြာထက်လူ - မဖျားနဲ့ တရားတဲ့နှင်းဆီရေ

 
Photo#credit 
မဖျားနဲ့ တရားတဲ့နှင်းဆီရေ
ခရမ်းပြာထက်လူ
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၅


ဂျွန်ရေ စွန်လွှတ်ကြမယ်။

မွေးနေ့မရောက်ခင်ကတည်းက 
မွေးနေ့ကိုသတိရနေမိတယ်
ဂျွန်ရေ ခင်ဗျားကို သူမပိုင်တယ်။

ဘုရားသခင်ဟာ လေချွန်လို့
ဇွန် ၁၉ ကို စိုက်ပျိုးခဲ့တယ်
နတ်ဒေဝတာတွေက
ရေလောင်းပေါင်းသင် တေးဆိုတယ်
တောတွေ တောင်တွေ လွင်ပြင်တွေ
သီးဟယ်  ပွင့်ဟယ် စိမ်းလမ်းရယ်လို့ ကကြတယ်။

၁၀၀ ပြည့်အောင် ကိုယ့်ထဲက 
၂၀ နှုတ်ပြီးပေါင်းပေးလိုက်ချင်ပါတယ်။
ဂျွန်ရေ မိုးပျံပူဖောင်းတွေလွှတ်ကြမယ်။

 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar