Little Forest Journey - ဒိုင်နိုဆောတို့ရဲ့ ကမ္ဘာဦးပုံပြင်
မိုးမခ ၊ ဇူလိုင် ၈ ၊ ၂၀၂၅
မင်္ဂလာပါ လူကြီးမင်းကလေးတို့ရေ...
ကမ္ဘာဦး ဒိုင်နိုဆောတွေအကြောင်းကို လူကြီးမင်းကလေးတို့ ကြားဖူးကြတယ်မဟုတ်လား။
ဟုတ်တာပေါ့... ပုံပြင်တွေ၊ စာအုပ်တွေ၊ ရုပ်သံချန်နယ်တွေကနေတဆင့် လူကြီးမင်းကလေးတို့ သိကြတဲ့ ဒိုင်နိုဆောတွေအကြောင်း ပုံပြင်လေးတပုဒ် ပြောပြဦးမယ်။
ကဲ.. ဒါဆိုရင် “ဒိုင်နိုဆောတို့ရဲ့ ကမ္ဘာဦးပုံပြင်”ဆီ သွားလည်ကြရအောင်...
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်... ကလေးတို့ မမွေးဖွားလာသေးခင်ကပေါ့။ ဖေဖေ မေမေ၊ ဘိုးဘိုး ဘွားဘွားတို့လည်း မမွေးသေးဘူးပေါ့ကွာ။
လူသားတွေ ဆိုတာ ကမ္ဘာပေါ်မှာ လုံးဝမရှိကြသေးတဲ့ အချိန်ပေါ့။
အဲဒီအချိန်က ကမ္ဘာကြီးဟာ အခုအခြေအနေနဲ့ လုံးဝမတူဘူးတဲ့။
စိမ်းစိုတဲ့ သစ်တောကြီးတွေ၊ မြင့်မားတဲ့ တောင်တန်းကြီးတွေနဲ့ ပြည့်နေပြီး ရာသီဥတုကလည်း အမြဲတမ်း နွေးထွေး စိုစွတ်နေတယ်။
အဲဒီလို စိုပြည်သာယာတဲ့ ကမ္ဘာကြီးထဲမှာ အလွန်ကြီးမားပြီး အားအင်ကြီးတဲ့ သတ္တဝါတွေ နေထိုင်ခဲ့ကြသတဲ့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar