Little Forest Journey - ကစားတာက အချိန်ဖြုန်းတာလား၊ သင်ယူနေတာလား
မိုးမခ ၊ ဇူလိုင် ၁၂ ၊ ၂၀၂၅
မင်္ဂလာပါ လူကြီးမင်းကလေးတို့ရေ... @LittleForestJourney ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်.. ဒီတခါတော့ လူကြီးမင်းကလေးတို့ကို 'ကစားတာက အချိန်ဖြုန်းတာလား၊ သင်ယူနေတာလား’ အက်ဆေး စာတိုလေးတပုဒ် ဖတ်ပြပေးချင်ပါတယ် ဟုတ်ပါပြီ... လူကြီးမင်းကလေးတို့ကို တစ်ခုလောက် မေးချင်ပါတယ်။ ကစားရတာ ကြိုက်ကြသလား။ ကြိုက်မှာပေါ့ဗျာ။ ဘယ်ကလေးက ကစားရတာ မကြိုက်ဘဲနေမှာလဲ။ ကစားတယ်ဆိုတာ ပျော်ဖို့သက်သက်လို့ လူကြီးတချို့က ထင်ကြတယ်။ မဟုတ်ဘူးဗျ။ လုံးဝမဟုတ်ဘူး။ ကစားကွင်း ဆိုတာ တကယ်တော့ ကလေးတွေအတွက် စာသင်ခန်းအသေးစားလေးပါပဲ။ ဘဝအတွက် လိုအပ်တဲ့ သင်ခန်းစာတွေကို ပျော်ပျော်ပါးပါးနဲ့ သင်ပေးနေတဲ့ ကျောင်းတော်ကြီးတစ်ခုပေါ့။
စိန်ပြေးလိုက်တမ်း ကစားတော့ ချွေးထွက်ပြီး သန်မာတယ်။ အဖွဲ့လိုက် ဘောလုံးကန်တော့ စည်းလုံးတတ်လာတယ်။ အရုပ်ဆက်တော့ စိတ်ရှည်တတ်လာတယ်။ ဟုတ်တယ် မဟုတ်လား။
ဒါတွေအားလုံးဟာ ဘဝအတွက် အရေးကြီးတဲ့ အရည်အချင်းတွေချည်းပဲဗျ။ ဒီနေ့တော့ အားလုံးလည်း ရင်းနှီးပြီးသားဖြစ်တဲ့ ကစားနည်းလေးတစ်ခုအကြောင်း ပြောပြချင်တယ်။ အဲဒါကတော့ "မြွေနှင့်လှေကား" ကစားနည်းပါပဲ။ သာမန်ကြည့်ရင်တော့ အန်စာတုံးလေးခေါက်၊ ရတဲ့ဂဏန်းအတိုင်းသွား၊ လှေကားတွေ့ရင်တက်၊ မြွေတွေ့ရင်ဆင်း... ဒီလောက်ပါပဲ။ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်လိုက်စမ်းပါ။ ဒီကစားနည်းလေးက ကျွန်တော်တို့ရဲ့ ဘဝခရီးနဲ့ တစ်ထပ်တည်းပဲဗျ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
-Cover.jpg)