ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့အခင်းအကျင်းများ

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၄ မြင်ကွင်း
မိုးမခ ၊ ဩဂုတ် ၁၅၊ ၂၀၂၅
ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့အခင်းအကျင်းများ
၂၀၂၅ နှစ်ကုန်နဲ့ ၂၀၂၆ နှစ်ဆန်းကို ကူးပြီး ကျင်းပမယ်ဆိုတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲ မတိုင်ခင် ၆ လ ဝန်းကျင်ခန့် အလိုကာလမှာ မြန်မာနိုင်ငံတွင်း စစ်ရေးဆိုင်ရာ အတက်အကျတွေ၊ နိုင်ငံရေးနယ်ပယ်မှာ စစ်ကောင်စီကနေ စစ်ကော်မရှင်၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ နဲ့ လုံ/အေး လို့ သတင်းမီဒီယာက အတိုကောက်ခေါ်ဆိုတဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကောင်စီ အဖြစ် ပုံစံပြောင်းဖွဲ့ပြီး အာဏာကို ထိန်းချုပ်အမိန့်ပေးတဲ့ ပုံစံပြောင်းလဲတာ၊ နိုင်ငံတကာ သံတမန်ရေးနယ်ပယ်မှာ ထိတွေ့ဆက်ဆံမှုတွေပိုတိုးလုပ်လာပြီး ရွေးကောက်ပွဲကို ပြပြီးနိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု အနည်းငယ်မျှပဲ ရရ ကြိုးပမ်းနေတာတွေ တွေ့နေရပါတယ်။
စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်တပ်အတွက် သံတမန်ရေး စစ်ရေးအရ ချောင်ပိတ် ထိုးနှက်ခံရတဲ့ အခြေအနေကနေ အာရုံလွှဲမှုတခု၊ နိုင်ငံတကာရဲ့ ဖိအားကို အနည်းငယ်မျှ သာ ဖြစ်ဖြစ် လျော့ကျစေမယ့် ဖြစ်ရပ်တခုလို့ တော်လှန်ရေး အင်အားစုတွေက မှတ်ယူထားကြတာ ဖြစ်ပေမယ့် အိမ်နီးချင်းနိုင်ငံနဲ့ အင်အားကြီးနိုင်ငံတွေထဲက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့က ရွေးကောက်ပွဲ ဖြစ်စဥ်က လက်ရှိ လက်နက်ကိုင် ပဋိပက္ခကို အရှိန်လျော့ကျသွားစေလိမ့်မယ်လို့ ယူဆထားကြတာ တွေ့ရပါတယ်။
တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကို ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုထားသလို လက်နက်ကိုင် တိုက်ပွဲတွေ ရပ်စဲဖို့ နဲ့ သိမ်းယူနယ်မြေတချို့ကို စစ်ကောင်စီထံပြန်လွှဲပေးဖို့ ၄င်းနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ဒေသမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိအားပေးတာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ၁၀၂၇ မတိုင်ခင် ပိုနေမြဲကျားနေမြဲ အခြေအနေမျိုးကို လိုလားတဲ့ သဘော၊ မြန်မာစစ်တပ်က ဗဟိုအစိုးရအနေနဲ့ စုစည်းထားတဲ့ အခင်းအကျင်းကို အထက်အောက် ပြောင်းပြန်ဖြစ်သွားမယ့် စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲကို မလိုလားတဲ့ သဘောထားရှိတာကို လွန်ခဲ့တဲ့ တနှစ်တာကာလအတွင်း ထင်ထင်ရှားရှားတွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။
အခုလို တရုတ်နိုင်ငံက မြန်မာစစ်တပ်ဘက်ကို သူတို့ လိုလားတဲ့ အခြေအနေမျိုး ရှင်းရှင်းလင်းလင်း ထုတ်ပြောပြီး သံတမန်ရေး၊ စစ်လက်နက်၊ နည်းပညာ ရောင်းချမှု၊ ကူညီမှုတွေနဲ့ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရပ်တန့်မသွားရအောင် ငွေကြေးအရပါ ကူညီရပ်ခံပေးနိုင်တဲ့ အနေအထားရှိနေပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့မှာပဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အန်နင်းမြို့မှာ စစ်ကော်မရှင် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံပြီး စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်သလို တရုတ်နိုင်ငံဘက်ကလည်း သတင်းထုတ်ပြန်ချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မျှော်လင့်တဲ့ အချက် ၃ ချက်ကို ဖေါ်ပြထားပါတယ်။ နိုင်ငံရေး/စစ်ရေး အဖွဲ့အစည်းတွေ အကြား တိုက်ခိုက်မှုတွေရပ်ဆိုင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ပြည်သူ့ဆန္ဒကို အခြေခံတဲ့ အစိုးရတရပ် ပေါ်ပေါက်လာဖို့ ၊ နှစ်အချက် အနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ကျယ်ပြန့်တဲ့ ညီညွတ်မှု ရရှိဖို့၊ တတိယ အချက် အနေနဲ့ လူမှုသဟဇာတရှိပြီး ငလျင်အလွန်ပြန်လည်ထူထောင်ရေး မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ပြည်သူလူထုဘဝ တိုးတက်ဖို့ ဆိုပြီး ဖေါ်ပြထားတာတွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ မျှော်လင့်တဲ့ အခြေအနေတွေက အပြစ်ရှာစရာမရှိတဲ့ ကောင်းမွန်တဲ့ မျှော်လင့်ချက်တွေ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကို အခြေခံတဲ့ အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ လို့ ဖေါ်ပြထားတာကြောင့် အခုကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ အဆိုပါ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့ မလွယ်မှန်းလည်း တရုတ်နိုင်ငံအနေနဲ့ သဘောပေါက်ပြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒုတိယအချက်မှာ ဖေါ်ပြထားတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ကျယ်ပြန့်တဲ့ ညီညွတ်မှုတွေ ရရှိလာဖို့ လို့လည်း လက်ရှိ အနေအထားကနေ အတော့်ကို ခက်ခက်ခဲခဲ လုပ်ဆောင်ကြရဦးမယ့် အနေအထားဖြစ်နေပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အခုလို စံပြအခြေအနေမျိုးကို မျှော်လင့်ကြောင်း ဖေါ်ပြထားပေမယ့်လည်း လက်ရှိမြေပြင်က အခြေအနေတွေကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်နေတာ ဖြစ်လို့ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ဖြစ်မလာနိုင်မှန်း နားလည်ထားပြီး အဆိုပါ အခြေအနေ အဆင့်မျိုး မရသည့်တိုင် နားလည် လက်ခံကောင်း လက်ခံနိုင်ပါတယ်။
ဒီအခင်းအကျင်းတွေက အာဏာသိမ်း မြန်မာစစ်တပ်နဲ့ အိမ်နီးချင်း တရုတ်နိုင်ငံတို့ အကြား ဆက်ဆံရေး အခြေ အနေ နဲ့ မြန်မာစစ်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အရှုံးပတ်ပတ်လည် ဝိုင်းနေတဲ့ အခြေအနေကနေ ပြန်လည်ရုန်းထလာ တဲ့ အနေအထားဖြစ်ပါတယ်။ အာဆီယံဒေသတွင်းမှာလည်း သံတမန်ရေး အရ ပြန်လည်ထိတွေ့ဆက်ဆံမှုတွေ ရလာအောင် ကြိုးစားနိုင်ခဲ့ပြီး ခုရက်ပိုင်းအတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတချို့ နေပြည်တော် လာကြမယ့် သတင်းတွေ ပေါ်ထွက်လာတာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကိုင်း မန္တလေး ဒေသကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့တဲ့ ငလျင်လှုပ်ပြီးခါစ မှာ လူသားချင်း စာနာမှု အကူအညီပေးရေးအပေါ် အကြောင်းပြုပြီး တကြိမ်လာရောက်ခဲ့သလို နောက် ၄/၅ လ အကြာမှာ ထပ်မံ လာရောက်မယ့် သဘောဖြစ်ပါတယ်။
အထက်က အခင်းအကျင်းအပြောင်းအလဲတွေက အာဏာသိမ်း စစ်တပ်ဘက်က ကျားကုတ်ကျားခဲ ကြိုးပမ်းနေတဲ့ အခြေအနေတွေဖြစ်ပြီး အရပ်သားတွေအများအပြား အသက်ဆုံးရှုံးစေတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ အနေနဲ့ လူသိရှင်ကြား ဝေဖန်ထောက်ပြခြင်း မရှိတဲ့ အချက်လည်း သတိပြုစရာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေအနေနဲ့လည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ သီးခြား မီးမောင်းထိုး ဝေဖန် ပြောဆိုတာမျိုး မတွေ့ရပါဘူး။
အာဏာသိမ်း စစ်တပ် အနေနဲ့ အခုလို ကျဆင်းနေတဲ့ စစ်ရေး သံတမန်ရေး အခြေအနေတွေကို အဖတ်ဆယ်ဖို့ ကြိုးပမ်းနေချိန်မှာ တဖက်မှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ NUG အမျိုးသားညီညွတ်ရေးအောက်က PDF လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အခြားသော လက်နက်ကိုင် တပ်ဖွဲ့တွေ အကြားက စစ်ရေး နဲ့ နိုင်ငံရေး အရ ပူးပေါင်းဆောင်ရွက်မှုတွေက သိသာထူးခြားတဲ့ တိုးတက်မှုတွေ မတွေ့ရပါဘူး။ စစ်ရေး ပူးပေါင်းမှုအမြင့်ဆုံးကာလဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ကနေ ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းအထိ စစ်ဆင်ရေးကာလဖြစ်ပါတယ်။ အဲဒီကာလမှာရရှိခဲ့တဲ့စစ်ရေးအောင်မြင်မှုတွေ ပြီးနောက်မှာ နောက် ထပ်ကြီးမားတဲ့ အောင်မြင်မှုရလာဒ်တွေ ထပ်ပြီးရယူနိုင်တဲ့အနေအထား မတွေ့ရသေးပါဘူး။ နယ်မြေတွေ သိမ်းယူနိုင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NUG လက်အောက်က PDF တပ်ဖွဲ့တွေ အနေနဲ့ သိမ်းယူရရှိထားတဲ့ နယ်မြေတွေကို ထိန်းသိမ်းနိုင်ရေး၊ အုပ်ချုပ်နိုင်ရေး မှာ လေကြောင်း အန္တရာယ်တိုက်ခိုက်ခံရမှုတွေအပြင် နယ်မြေ စိုးမိုးမှုနဲ့ ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့တွေအကြား ပွတ်တိုက်မှုတွေနဲ့လည်း ကြုံလာကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် သယံဇာတ ထုတ်ယူမှု၊ အခွန်အခ ကောက်ခံမှု၊ စစ်သည်အင်အားစုဆောင်း ကောက်ခံမှုတွေနဲ့ ပတ်သက်ပြီး စစ်ရေးအောင်မြင်မှု ရစဥ် လူထုထံမှ ရရှိတဲ့ ထောက်ခံအားပေးမှု တချို့ ဆုံးရှုံးရတဲ့ အနေအထားမျိုးတွေလည်း ဒေသအချို့မှာ တွေ့မြင်လာကြရတာ ဖြစ်ပါတယ်။
NUG အစိုးရအနေနဲ့လည်း နိုင်ငံရေးအရ နောက်ထပ် အောင်မြင်မှု ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကာ ရလာဒ်တွေ ထုတ်ဖေါ်ပြသနိုင်ခြင်း မရှိသေးတဲ့အခြေအနေမှာ NUG ကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ထောက်ခံသူတွေထဲက မဟာမိတ် အဖွဲ့အစည်းတွေထဲက တိုက်တွန်းသံ နှိုးဆော်သံတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်မှု နောက်တဆင့်ကိုတက်လှမ်းနိုင်အောင်ကြိုးပမ်းဖို့ မဟာဗျူဟာတွေချမှတ်နိုင်ဖို့ အရေး တကြီးလိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar