Tuesday, September 30, 2025

တပ်ဦးလ - လက်ဖက်သုပ်စီးရင်းလေယာဉ်ပျံစားမယ်

 
‌Art- Aung Htet
လက်ဖက်သုပ်စီးရင်းလေယာဉ်ပျံစားမယ်
တပ်ဦးလ
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၅


လောက်အချင်းချင်းတော့ဘယ်ရွံမှာလဲ
လက်ဝါးရိုက်ပြီး
မစင်ပုံခြင်းလဲစားကြတာပေါ့
ပုံမှန်အခြေအနေအရ
ပုံမှန်မဟုတ်ဘူးပဲ
ရူးတာကလွဲရင်
ဟိုလူ
တရုတ်အာဘော်အတိုင်းနေထိုင်တယ်
ကျမ
ပြက္ခဒိန်မကြည့်ဖြစ်ပါဘူး
ရင်သားနှစ်ဖက်လုံးလည်း
ရည်းစားဟောင်းတွေနဲ့မှည့်လို့
ပြောသားပဲ
ကျမကြွေတာ
နိုဝင်ဘာနဲ့
ဒီဇင်ဘာ
ကွဲလိုက်တဲ့အသည်း
တစ်ညထဲ
ခြောက်ကြိုးလုံးပြတ်တယ်
မဖြစ်မနေကို
မဲမပေးတာ
ရှင်းလား


 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar