Tuesday, November 18, 2025

ကိုအောင်မှိုင်း - သူပုန်

ကိုအောင်မှိုင်း - သူပုန်

မိုးမခ ၊ နိုဝင်ဘာ ၁၈ ၊ ၂၀၂၅


ရိုးသားမှုကို

နှုတ်ဆက်လိုက်တာနဲ့

မရိုးသားမှုဟာ

အံဝင်ခွင်ကျ ဖြစ်လာတယ်။


ဘီသိုဗင်ရဲ့

အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေ

သံယောစဉ်တွေ၊ နူးညံသိမ်မွေ့မှုတွေ၊

ဆင်းရဲဒုက္ခတွေ၊နာကျင်မှုတွေ၊

ဇွဲသတ္တိတွေ၊ တော်လှန်မှုတွေ၊

အလှတရားတွေ အားလုံးဟာ

သူ့ဂီတသံစဉ်တွေထဲ 

တသွင်သွင်စီးဝင်ခဲ့တယ်။


သူပုန်တယောက်ရဲ့

အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေ

သံယောဇဉ်တွေ၊ နူးညံသိမ်မွေ့မှုတွေ၊

ဆင်းရဲဒုက္ခတွေ၊ နာကျင်မှုတွေ၊


ဇွဲသတ္တိတွေ၊ တော်လှန်မှုတွေ၊

အလှတရားတွေ အားလုံးဟာ

ဘဝပေါင်းများစွာရဲ့ ရင်ထဲ 

တသွင်သွင် စီးဆင်းနေတယ်။


သူပုန်တယောက်အတွက်

လူ့အဖွဲ့အစည်းကို ချစ်တဲ့စိတ်

တရားမျှတမှုကို ချစ်တဲ့စိတ်

အမှန်တရားကို ချစ်တဲ့စိတ်တွေဟာ

နှောင်ကြိုးအားလုံးကို ရိုက်ချိုးလိုက်တာဘဲ။


ငါ

သူပုန်ဖြစ်ချင်တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar