Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘိုးဘိုးအောင် ဝလုံးထက်သာတဲ့ မင်းအောင်လှိုင့် ကျားဖြန့်များ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘိုးဘိုးအောင် ဝလုံးထက်သာတဲ့ မင်းအောင်လှိုင့် ကျားဖြန့်များ

မိုးမခ ၊ နိုဝင်ဘာ ၁၉ ၊ ၂၀၂၅


ရွှေကုက္ကိုက ကျားဖြန့်ဂိုဏ်းတွေကို အပြတ် နှိမ်နင်းတော့မယ်လို့ စစ်တပ်လက်အောက်ခံ BGF နိုင်မောင်ဇော် ပြော၊ အမေရိကန်နဲ့ တရုတ်ဖိအားကြောင့် မဟုတ်လို့ ဆို။

ဆိုသာဆို 

ငိုတဲ့စကား၊ 

ပယ်ဆောက်ချိန်သွားတဲ့လမ်းကို 

လှမ်းတဲ့ငနွား လို့ စာဆိုရမလိုဘဲ။

‌နိုင်မောင်ဇော်က စောချစ်သူအစား ကြောင်တောင်တောင်စကားတွေ ပြောချေပြီ။

ရွှေကုက္ကိုမှာ ဘယ်သူမှ မလာနဲ့၊ ငါတို့ဘာသာ နှိမ်နင်းမယ်၊ မင်းတို့ ဖိအားကြောင့် မဟုတ်၊ ငါတို့အသိဉာဏ် ခုမှ မှန်လာလို့ လုပ်တာဆိုပြီး မဟုတ်တာ ပြောလာပြီ။ ကျားဖြန့်တွေ ကျန်၊ မကျန် ဘယ်လိုစစ်မလဲ၊ အဲဒီအတွက် ဒီအကွက်ဆင်တာ လူတိုင်းသိ။ အဲဒါကို စစ်တပ်နဲ့ ပူးပေါင်း နှိမ်နင်းမယ်ဆိုတော့ ဘယ်သက်သေမှ မကျန်တော့ဘူးပေါ့။ မြန်မာပြည်တွင်းပိုင်း အလုံခြုံဆုံးစစ်တပ်ရဲ့နေရာတွေမှာ ရွေ့ချင်တာ ရွှေ့တာ၊ ရွှေ့ချင်တဲ့သူ ရွှေ့တာ အေးဆေး ဆိုတဲ့ နှစ်ကျပ်ကွက်။ BGF က ကိုယ့်ဘာသာ ကျားဖြန့် နှိမ်နင်းချိန်နဲ့ တိုက်ဆိုင်နေတယ်လို့လဲ ဟောသလို မိုက်ကိုင်လိုက်သေးတယ်။

"ရွှေကုက္ကိုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တာက ဖွံ့ဖြိုးတိုက်စေချင်လို့ ဖိတ်ခေါ်ခဲ့တာပါ။ အဲဒီအပေါ်မှာ နိုင်ငံခြားသားတွေက သူတို့ရဲ့ တိုးတက်တဲ့ နည်းပညာတွေနဲ့ ကမ္ဘာပေါ်မှာ လိမ်လည်မှုပြုလုပ်လာတယ်ဆိုတာကို ကျနော်တို့ အခုနောက်ပိုင်းမှ တွင်တွင်ကျယ်ကျယ်လေး သိလိုက်ရတာပါ။ အဲဒါကြောင့် အခုနေ အချိန်အခါမှာ ကမ္ဘာကြီးနဲ့အတူ အိမ်နီးချင်းနိုင်ငံနဲ့အတူ ကိုယ်တို့အစိုးရနဲ့အတူ Plan A Plan B Plan C ရှိတဲ့နေရာမှာ Plan B နဲ့ Plan C ကို ပေါင်းပြီးတော့ အပြီးတိုင် ဖယ်ရှားရှင်းလင်းမှု လုပ်ဆောင်မယ်။ လုံး၀ ပပျောက်တဲ့အထိ ရက်ပိုင်းအတွင်းမှာ အပြီးတိုင် ဖယ်ရှားရှင်းလင်းမယ်။ နောက်ထပ်ဆိုတာ" တဲ့။ ဗက် ဟက်ဟက်ပေါ့ နိုင်မောင်ဇော်။

BGF က ကျားဖြန့် နှိမ်နင်းရန် လုပ်ဆောင်ရာမှာ ကမ္ဘာကြီးရဲ့ ဖိအားကြောင့်ဖြစ်ပြီး ဘယ်နိုင်ငံရဲ့ ဖိအားမှ မရှိ၊ ကျားဖြန့်တွေကြောင့် ကမ္ဘာ့ပြည်သူ‌တွေ နစ်နာနေလို့ ဒီလို လုပ်ဆောင်ဖို့ ဆုံးဖြတ်တာလို့လဲ ဒင်းက အတည်ကြီး ဆက်ပွားတယ်။  

အရင်က A ၊ B ၊ C ရှိတယ်။ အခုက B ကိုကျော်ပြီး C ကို လုပ်မယ်တဲ့။

ရွှေကုက္ကို ထောင်တဲ့ ကောင်က တရုတ်လက် ရောက်၊ အမေရိကန်က BGF နဲ့ DKBA ခေါင်းဆောင်တွေကို ဝရမ်းထုတ်ခါနီးမှ အပြီးဖျက်မယ် အရီးနက်ကယ်လုပ်။ အဲဒါ တရုတ်က မင်းအောင်လှိုင်ကိုပြောလိုက်တဲ့ ပလန် A လေ။ ပြီးမှ ဒင်းတို့ကို ကြိုးတုပ်မယ့် Bလာမယ်။ ပြီးရင်တော့ C ပေါ့။ သေဒဏ်ကလွဲ ဘာရှိမလဲ။

ခုကို စစ်တပ်က ရွှေကုက္ကိုထဲကို BGF နဲ့အတူ တွဲဖက် ဝင်ရောက် နေရာယူထားပြီး KK Park လို ဟန်ပြ ကျားဖြန့် အရေးယူမှုများ ဆောင်ရွက်သလိုလိုနဲ့ သူတို့ ဖျက်ချင်တဲ့သက်သေ ဖျက်ဆီးရှင်းလင်းပြီး ကုလားအုပ်ဇာတ်လမ်း ခင်းတော့မှာ။

"KK Park လို အဖျက်ပြတဲ့နေရာပြ၊ မဖျက်တဲ့နေရာ မဖျက်ဘဲထား၊ သက်သေခွာ နေရာပြောင်းမယ်။ လူသိများတဲ့ နေရာကနေ တောင်ကြားတွေထဲမှာ နေရာတွေ ဆောက်ပြီး ပြန်ရွှေ့နေကြတာ၊ ရန်ကုန်အနီးတဝိုက်ထိ ရွှေ့တာ လုပ်ကြပြီလေ။ နယ်စပ်မှာ မထားတော့။ ကျားအချင်းချင်းလည်း အဆင်ပြေတဲ့နေရာ လိုက်လာကြဖို့ ချိတ်ဆက်အားပေး ကျားသွေးပြနေကြပြီ။

တကယ်တော့ ကျားဖြန့်က ဘိုးဘိုးအောင် ဝလုံးလို တခုဖျက် နှစ်ခုပေါ်ပဲ။ တဒေသဖျက် နှစ်ဒေသပေါ် ခုဆို ရန်ကုန်လိုမြို့ကြီးတွေပေါ်ထိ တပြည်လုံးအနှံ့ ရှိတယ်။ မအလအုပ်စုက စနစ်တကျ ရွှေ့ပြောင်းပေးနေတာဘဲ။ 

ခုလဲ ကျားဖျန့် အပြတ်ရှင်းမယ်လို့ ကျားဖြန့်အားလုံး သိအောင်ပြောပြီး အကောင်သေးတွေနဲ့ရှုပ်ယှက်ခတ်အောင် မွှေနှောက်ပြီး အကြီးတွေကို ခြေရာဖျောက်တာ။ အပြီးသတ် အမြှီးဖြတ် နှိမ်နှင်းတာ မဟုတ်ဘဲ ရန်ကုန်မှာ ပြန်ဆုံမယ် လုပ်တာလေ။ 

"တရုတ်သူဌေးတွေလည်း ပိုက်ဆံတွေပစ္စည်းတွေ သိမ်းပြီး ကားတွေနဲ့ ထွက်ပြေးသွားကြပြီလို့ သတင်းကြားတယ်။ အခုည ရွှေကုက္ကိုမှာ ထွက်ပြေးနေကြတဲ့ ကျားဖြန့်လုပ်သားတွေနဲ့ လမ်းပေါ်အပြည့်နဲ့ ရှုပ်ယှက်ခတ်နေတာပဲ" လို့ ဒေသခံစားသောက်ဆိုင်လုပ်ကိုင်နေသူတဦးက ပြောတယ်လေ။ လမ်းများအားလုံး နေပြည်တော်လား။

တရုတ်လုပ်ငန်းရှင်တွေကလဲ လုပ်ငန်းယာယီရပ်နားမယ် ပြောလို့ လုပ်သားတချို့ဟာ ရွှေကုက္ကိုအနီးတဝိုက် ကျေးရွာတွေမှာပဲ သွားရောက်ခိုလှုံဖို့ ထွက်ပြေးနေကြတာလို့ မြန်မာစာရင်းကိုင်လုပ်သားတစ်ဦးက ပြောပုံထောက်ရင် သူတို့အခြေချရာမှာ တစတစ ပြန်ခေါ်ကြမှာဘဲလေ။ ကျားဖြန့်က နှိမ်နင်းလေ ကျယ်ပြန့်လေ ဖြစ်လာတယ်။

BGF အနေနဲ့လည်း အရင်တခါ ကျားဖြန့်လုပ်ငန်းတွေကို တစ်ကြိမ် နှိမ်နင်းသလို လုပ်ခဲ့တယ်။ လက်ရှိမှာ လုပ်ငန်းတွေ ပိုပြီးပြန်လည်ကျယ်ပြန့်လာတာဘဲ။ ရှမ်းမြောက်ကျားဖြန့်တွေလည်း နယ်အနှံ့ ခြေဆန့်ပြီး ရှမ်းမြောက်အပြင် ရှမ်းရှေ့ထိ ပြန့်လာတာပဲ။ လားရှိုးကို စစ်တပ် ပြန်အုပ်တော့ ရှမ်းမြောက်မှာ ကျားဖြန့် ပြန်လုပ်လို့ရတော့တာပဲလေ။ ဝနယ်တွေမှာလည်း အပြည့်ပါပဲ။

BGF အနေနဲ့ Plan A, B, C ဆိုပြီး စစ်တပ်နဲ့ပေါင်းပြီး နှစ်ပေါက်တပေါက်ရိုက်ဖို့ကြံတာပါပဲ။ စစ်တပ် ခိုင်းတာပဲ လုပ်နေရတာပါ။ သူတို့ကတော့ ထူပူနေရောပေါ့။

သောင်းသိန်းချီ ရှိတာကို ရွှေကုက္ကိုမြို့ ပြင်ပနဲ့ တချို့နေရာတွေမှာ ခိုးဝှက်လုပ်ကိုင်နေသူ တထောင်ကနေ နှစ်ထောင်ကြား ရှိနိုင်တယ်လို့ နိုင်မောင်ဇော်က အတည်ပေါက် ခန့်မှန်းပြသေးတယ်။ အရူးကွက်ကတော့ နင်းပြီးရင်းနင်းနေတုန်း။ တက်လာတဲ့ ဗီဒီယိုဖိုင်တွေမှာ လူတွေက သိန်းချီလိမ့်မယ်။ တချို့ အလုံပိတ် အခိုင်းခံနေရသူတွေလဲ ခုတော့ အခွင့်အရေးရလို့ ထွက်လာကြတယ်။ အခွန်ငွေ သိပ်မရတော့တဲ့ စစ်တပ်ရဲ့ ရည်မှန်းချက်အတိုင်း ကျားဖြန့်တွေဟာ နှိပ်ကွပ်ရ ခက်လောက်အောင် နိုင်ငံအနှံ့ ပျံ့သွားနေပြီ။ အင်တာနက် ရှိရင် ကျားဖြန့်ရှိလို့ရတာကိုး။ အင်တာနက်က မင်းအောင်လှိုင်လက်ထဲမှာ။ ဘိုးဘိုးအောင် ဝလုံးကမှ တလုံးဖျက်ရင် နှစ်လုံး ပေါ်နိုင်တာ၊ မင်းအောင်လှိုင် ကျားဖြန့်ကတော့ တရုံဖျက် သုံးရုံပေါ်၊ တနေရာဖျက် လေးနေရာပေါ် ဖြစ်နေတာလေ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar