Breaking News

မိုးဉာဏ်(မန္တလေး) - လမ်းမီ​တိုင်အောက်ကရေဒီယို

Art- Than Htay Maung
 
လမ်းမီ​တိုင်အောက်ကရေဒီယို
မိုးဉာဏ်(မန္တလေး)
(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၆


မွေးရပ်ကိုပြန်မယ်
ထိုင်လို့ကောင်းတဲ့ လက်ဖက်ရည်ဆိုင်
အဟောင်းလေးမှာ
ချက်နို့ဆီနဲ့ ကိုယ့်ဘဝကိုယ် ပြန်ဖျော်မယ်။

မွေးရပ်ကိုပြန်မယ်
စစ်ပြန်တစ်ယောက်လို ဘားတိုက်ထဲက
အိပ်မပျော်ညများကို သတိရရင်း
လေဟာပြင်မှာ ဆေးပြင်းလိပ်ဖွာမယ်။

မွေးရပ်ကိုပြန်မယ်
ထွန်ယက်မယ် စိုက်ပျိုးမယ် ရိတ်သိမ်းမယ်
အငြိမ်းစားတစ်ယောက်လို
ရေဒီယိုတစ်လုံးနဲ့ အထီးကျန်မယ်။

မွေးရပ်ကိုပြန်မယ်
လမ်းမီးတိုင်အောက်မှာ
ကိုယ့်အရိပ်ကိုယ် မှတ်မိတဲ့အထိ ညတွေကို
ဖြတ်လျှောက်မယ်။

မွေးရပ်ကိုပြန်မယ်
စုံလင်တဲ့ မိသားစုတွေဆီက လျှံကျလာတဲ့
ရယ်သံတွေကို တယုတယ သိမ်းဆည်းမယ်
အိပ်မက်ဆိုးမက်တိုင်း ထုတ်နားထောင်မယ်

မွေးရပ်ကိုပြန်မယ်။
မွေးရပ်ကိုပြန်မယ်။
မွေးရပ်ကိုပြန်မယ်။

လက်ကျန် ရပ်ဆွေရပ်မျိုးတို့ဆီက
နွေးထွေးမှုဆိုတဲ့ ရှားဖဲကို ချေးငှားမယ်
သိင်္ဂါရကို အလွတ်ရတဲ့အထိ
ဘဝကို လျှော်ဖွပ်ပစ်မယ်ကွယ်။      ။

28122025။ 
 -